တအာင်းပြည်တွင် လူငယ်ခေါင်းဆောင်များ မွေးထုတ်နိုင်ရေးအတွက် လက်ဖက်မြေ နိုင်ငံရေးသိပ္ပံကျောင်း အပတ်စဉ် (၄) ဝင်ခွင့်လျှောက်လွှာခေါ်ယူ

တအာင်းပြည်အတွင်း လူငယ်များ၏ နိုင်ငံရေးအတွေးအခေါ်၊ ဦးဆောင်မှုစွမ်းရည်နှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်နိုင်မည့် လူငယ်ခေါင်းဆောင်များ မွေးထုတ်ပေးနိုင်ရေးအတွက် လက်ဖက်မြေပညာရေးဖောင်ဒေးရှင်း (Tea Land Education Foundation - TLEF) က ဖွင့်လှစ်သည့် လက်ဖက်မြေ နိုင်ငံရေးသိပ္ပံကျောင်း (Tea Land School of Political Science - TLSPS) အပတ်စဉ် (၄) အတွက် ကျောင်းသား/သူများ၏ ဝင်ခွင့်လျှောက်လွှာများကို လက်ခံခေါ်ယူနေပါသည်။

ယခုဖတ်ရန်
ဒေသတွင်းသတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့၊ (၂)မိုင်ကုန်းရပ်ကွက်၊ ယခင်တပ်စခန်း ၅၀၁တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် လာရောက်​ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ မိုးကုတ်မြို့နယ်အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးသုံးစွဲသူ (၇၁)ဦးကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမှ အကျင့်စာရိတ္တပြုပြင်ပေးပြီး ပြန်လွှတ်ပေးခဲ့သည်။

ဒေသတွင်းသတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို ဖေဖော်ဝါရီလ တစ်လအတွင်း စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကိုအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၁၃)ဦး သေဆုံးခဲ့ပြီး (၃၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

ဒေသတွင်းသတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သောမြို့နယ်များတွင် ဖေဖော်ဝါရီလ တစ်လအတွင်း မီးလောင်မှု (၃)ကြိမ်ဖြစ်ပွားပြီး ဒေသခံ (၃)ဦး မီးလောင်ဒဏ်ရာရရှိကာ ကျပ်သိန်းပေါင်း (၈၅၀)သိန်းကျော် မီးလောင်ဆုံးရှုံးသွားခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြို့နယ် ရွှေမုဠောကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မယ်သီလရှင် (၁)ပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့တွင် တရားဥပဒေစိုးမိုးရေးရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁)ဦးကို ဖမ်းဆီးရမိခဲ့သည်။

ဒေသတွင်းသတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သောမြို့နယ်များတွင် ဖေဖော်ဝါရီလ တစ်လအတွင်း ယာဥ်တိမ်းမှောက်မှုနှင့် ယာဉ်တိုက်မှု (၆)ကြိမ်ဖြစ်ပွားခဲ့ကာ ဒေသခံ (၃)ဦး သေဆုံးပြီး (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဒေသတွင်းသတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ ဌာနတစ်ခုဖြစ်သည့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ဖေဖော်ဝါရီလအတွင်း ကျေးရွာပေါင်း (၂၀)ရွာရှိ ဒေသခံပြည်သူများထံ အသိပညာပေးမှုများ ကွင်းဆင်းဆောင်ရွက်နိုင်ခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ မိုင်ငေါ့မြို့နယ် မာမို့ကျေးရွာတွင် ပဓာန နာယကဆရာတော် ဘဒ္ဒန္တဣန္ဒကမဟာထေရ်မြတ်သည် သက်တော် (၉၀)နှစ်၊ သိက္ခာတော် (၇၀)ဝါဖြင့် ၁၃၈၆-ခုနှစ် တပိုတွဲလဆုတ် (၁၃)ရက် အင်္ဂါနေ့ နံနက် (၁၁း၄၅)နာရီအချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။

လူကြည့်အများဆုံး သတင်းများ

05 July 2026