နမ့်ခမ်းမြို့တွင် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ ပြည်သူလူများသွားလာရအဆင်ပြေစေရန် ပျက်စီးနေသည့်တံတားကို ပြန်လည်ပြုပြင်ပေး
နမ့်ခမ်း၊ စက်ဘာလ ၁၇ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၆)နယ်မြေ၊ နမ့်ခမ်းမြို့တွင် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ ပြည်သူလူထုများသွားလာရအဆင်ပြေစေရန်အတွက် ပျက်စီးနေသည့်တံတားကို ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ပါသည်။
အောင်မင်္ဂလာရပ်ကွက်ရှိ ပျက်စီးနေသည့်တံတားကို ပြီးခဲ့သည့် စက်တင်ဘာလ (၇)ရက်နေ့မှ စတင်ပြုလုပ်ခဲ့ပြီး စက်တင် ဘာလ (၁၃)ရက်နေ့တွင် ဆောက်လုပ်ပြီး စီးခဲ့သည်။ ထိုတံတားသည် အလျား (၃၂)ပေနှင့် အနံ (၄)ပေရှိသည်။
အလားတူ မြို့နယ်စည်ပင်သာယာရေးအဖွဲ့သည် မြို့အတွင်း လမ်းဖြတ်တံတားအသေး (၃)ခုကိုလည်း ဆက်လုပ်ပြုပြင်ဆောင်ရွက်နေဆဲဖြစ်ပါသည်။
ထိုပြင် မြို့အတွင်းရှိ ပျက်စီးနေသည့်လမ်းများကိုလည်း ပြန်လည်ပြုပြင်ပေးခြင်းနှင့် ရေမြောင်းများကို သန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ