မန်တုံနှင့် ကျောက်မဲမြို့တွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဦးဆောင်ပြီး ပျက်စီးနေသည့်တံတားများကို ပြန်လည်ပြုပြင်ပေးပြီး ရေမြောင်းများကိုလည်းတူးဖော်ရှင်းလင်းပေး
တအာင်းပြည်၊ စက်တက်ဘာ ၁၉ရက်
တအာင်းပြည်၊ မန်တုံနှင့် ကျောက်မဲမြို့တို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဦးဆောင်ပြီး ပျက်စီးနေသည့်တံတားများကို ပြန်လည်ပြုပြင်ပေးခဲ့ပြီး ရေးမြောင်းများကိုလည်း တူးဖော်ရှင်း လင်းပေးခဲ့ပါသည်။
မန်တုံမြို့၊ မြို့လယ်ရပ်ကွက်ရှိပျက်စီးနေသည့်တံတားကို ပြည်သူလူလူထုများဖြတ်သန်းသွားလာရ အဆင်ပြေစေရန်အတွက် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ပြုပြင်ခဲ့ကာ စက်တင်ဘာလ(၁၇)ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့ပါသည်။ ၎င်းတံတားသည် အလျား (၂၆)ပေနှင့် အနံ (၅)ပေရှိပြီး စုစုပေါင်းကုန်ကျစရိတ်သည် (၉၅)သိန်းကျော်ကုန်ကျခဲ့ပါသည်။
အလားတူ ကျောက်မဲမြို့တွင်လည်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်ပြီး ပျက်စီးနေသည့်တံတားကို ပြန်လည်ပြုပြင်ပေးခြင်း၊ တောင်ကျရေကြောင့် ပိတ်ဆို့နေသောရေမြောင်းများကိုရှင်းလင်းပေးခြင်းနှင့် ရေးလွှဲမြောင်းများကိုလည်း တူးဖော်ဆောင်ရွာက်ပေးခဲ့ပါသည်။
ထိုအပြင် မြို့တွင်းရှိ ပလက်ဖောင်းများ၊ ဗဟိုစျေးရှိ မီးသတ်ရေကန်များကိုဆေးရောင်ခြယ်ပေးခြင်းနှင့် တစ်လမ်းမောင်း ဆိုင်ဘုတ်များ၊ လမ်းညွှန်ဆိုင်ဘုတ်များကို တပ်ဆင်ပေးခဲ့ပြီး မြို့တွင်းသာယာလှပစိမ်းလန်းစိုပြေစေရန်အတွက် သန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
နမ့်ခမ်းမြို့လည်း ပြီးခဲ့သည့် စက်တင် ဘာ(၁၃)ရက်နေ့တွင် အောင်မေတ္တာရပ်ကွက်ရှိ ပျက်စီးနေသည့်တံတားကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်ပြီး ပြန်လည်ပြုပြင်ပေးခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ