ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်
ကျောက်မဲ၊ စက်တင်ဘာ ၂၀ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့၊ ရပ်ကွက် (၂)တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင်(၂၅၀)ဗုံး (၂)လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။
ဖြစ်စဥ်တွင် ယနေ့ နေ့လယ် (၁း၃၀)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူ လူထုများတည်ရှိရာကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် ပေါင်(၂၅၀) ဗုံး(၂)လုံး ကြဲချခဲ့သည်။
အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ(၉)ရက်နေ့လည်း ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်းအုပ်စု၊ လွယ်ခေါ်ရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင်(၂၅၀)ဗုံး (၃)လုံးနှင့် ဒရုန်းဖြင့် ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထုများ၏ လယ်ယာများ ထိမှန်ပျက်စီးသွားခဲ့ပါသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲ ရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာ ဆောင်ရွက်ရန်လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ