တအာင်းပြည်၊ နမ့်ခမ်းမြို့တွင် ကျင်းပမည့် (၇၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် (၁၀) မိုင်ကျော် မာရသွန်အပြေးပြိုင်ပွဲနှင့် အသိပညာပေးအစီအစဉ်ကို ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကွန်ရက်က ဦးဆောင်ကျင်းပမည်ဖြစ်သည်။ လူ့အခွင့်အရေးအသိပညာ တိုးပွားစေရန်၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား စည်းလုံးညီညွတ်မှု ခိုင်မာစေရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ လျော့နည်းပပျောက်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အသက် (၁၆) နှစ်နှင့်အထက် လူမျိုးဘာသာမရွေး ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဒီဇင်ဘာလ (၄) ရက်နေ့ နောက်ဆုံးထား၍ ကြိုတင်စာရင်းပေးသွင်းနိုင်သည်။
ယခုဖတ်ရန်တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်တွင် ဖွင့်လှစ်မည့် “Tealand Medical School” ၏ ဆေးပညာဘွဲ့ Bachelor of Medicine, Bachelor of Surgery (M.B.B.S) အပတ်စဉ် (၁) ဝင်ခွင့်စာမေးပွဲအား လျှောက်ထားသူများအနေဖြင့် စနစ်တကျ ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် စာမေးပွဲဆိုင်ရာ လိုအပ်ချက်များကို အချိန်မီ သိရှိနိုင်စေရန် အသိပေးကြေညာခြင်းဖြစ်ပါသည်။
လူကြည့်အများဆုံး သတင်းများ