(၇၈) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မာရသွန်းအပြေးပြိုင်ပွဲ ကျင်းပပြုလုပ်သွားမည်ကြောင်း အသိပေးအပ်

တအာင်းပြည်၊ နမ့်ခမ်းမြို့တွင် ကျင်းပမည့် (၇၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် (၁၀) မိုင်ကျော် မာရသွန်အပြေးပြိုင်ပွဲနှင့် အသိပညာပေးအစီအစဉ်ကို ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကွန်ရက်က ဦးဆောင်ကျင်းပမည်ဖြစ်သည်။ လူ့အခွင့်အရေးအသိပညာ တိုးပွားစေရန်၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား စည်းလုံးညီညွတ်မှု ခိုင်မာစေရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ လျော့နည်းပပျောက်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အသက် (၁၆) နှစ်နှင့်အထက် လူမျိုးဘာသာမရွေး ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဒီဇင်ဘာလ (၄) ရက်နေ့ နောက်ဆုံးထား၍ ကြိုတင်စာရင်းပေးသွင်းနိုင်သည်။

ယခုဖတ်ရန်
ဒေသတွင်းသတင်း

တအာင်းပြည် ကွတ်ခိုင်မြို့နယ်၊ နမ့်ဆန်မြို့နယ်နှင့် မိုင်းဝီးမြို့နယ်တို့တွင် ဖေဖော်ဝါရီလအတွင်း မီးလောင်မှု (၃)ကြိမ် ဖြစ်ပွားခဲ့ပြီး စုစုပေါင်း ကျပ်သိန်းပေါင်း (၈၀၀)ကျော် မီးလောင်ဆုံးရှုံးခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ မိုင်းငေါ့မြိုတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ မီးသတ်တပ်ဖွဲက ပွင့်လင်းရာသီရောက်လာပြီဖြစ်သည့်အတွက်ကြောင့် မီးဘေးအန္တရာယ် ကြိုတင်အသိပညာပေးဆော်သြမှုများပြုလုပ်နေသည့် ပုံရိပ်ဖြစ်ပါသည်။

ဒေသတွင်းသတင်း

တအာင်းပြည် မန်တုံခရိုင်၊ နမ္မတူမြိုတွင် တအာင်းဉပဒေ အထောက်အကူပြုအဖွဲ (Ta’ang Legal Aid Foundation) မှ ဖွင့်လှစ်သော တအာင်းဉပဒေ အကယ်ဒမီကျောင်း (Ta’ang Law Academy) အပတ်စဉ်(၂)အား ဒီပလိုမာဘွဲအပ်နှင်းပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ မိုင်းငေါ့မြိုနယ်၊ ကွန်ကောက်ကျေးရွာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၈)ရက်နေ့မှ (၂၀)ရက်နေ့အထိ (၃)ရက်တိုင်တိုင် ရှင်လောင်းပြုပွဲမှ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်နေသည့် ပုံရိပ်များဖြစ်ကြပါသည်။

လူကြည့်အများဆုံး သတင်းများ

29 November 2026