တအာင်းပြည်၊ နမ့်ခမ်းမြို့တွင် ကျင်းပမည့် (၇၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် (၁၀) မိုင်ကျော် မာရသွန်အပြေးပြိုင်ပွဲနှင့် အသိပညာပေးအစီအစဉ်ကို ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကွန်ရက်က ဦးဆောင်ကျင်းပမည်ဖြစ်သည်။ လူ့အခွင့်အရေးအသိပညာ တိုးပွားစေရန်၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား စည်းလုံးညီညွတ်မှု ခိုင်မာစေရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ လျော့နည်းပပျောက်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အသက် (၁၆) နှစ်နှင့်အထက် လူမျိုးဘာသာမရွေး ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဒီဇင်ဘာလ (၄) ရက်နေ့ နောက်ဆုံးထား၍ ကြိုတင်စာရင်းပေးသွင်းနိုင်သည်။
ယခုဖတ်ရန်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ၂၀၂၆ ခုနှစ် သြဂုတ်လအတွင်း တအာင်းပြည်၊ မြို့နယ် (၇) မြို့နယ်ရှိ ကျေးရွာပေါင်း (၃၆) ရွာမှ ပြည်သူလူထု စုစုပေါင်း (၁,၄၇၇) ဦးအား အမျိုးသမီးအခွင့်အရေး၊ မျိုးဆက်ပွားကျန်းမာရေးနှင့် မိသားစုဘဝဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာပေး ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည်။
တအာင်းပြည်၊ မန်တုံမြို့နယ်၊ ထပ်ချက်၊ ပန်ဆွေနှင့် စေကော်ကျေးရွာကြား ပျက်စီးနေသောကျေးရွာချင်းဆက် လမ်းမတစ်လျှောက်တွင် ရေမြောင်းများ တူးဖော်ခြင်း၊ မြက်ပင်၊ နွယ်ပင်များ ရှင်းလင်းခြင်း၊ လမ်းများ ပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနနှင့် ပြည်သူလူထုများ ဦးဆောင်၍ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
လူကြည့်အများဆုံး သတင်းများ