(၇၈) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မာရသွန်းအပြေးပြိုင်ပွဲ ကျင်းပပြုလုပ်သွားမည်ကြောင်း အသိပေးအပ်

တအာင်းပြည်၊ နမ့်ခမ်းမြို့တွင် ကျင်းပမည့် (၇၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် (၁၀) မိုင်ကျော် မာရသွန်အပြေးပြိုင်ပွဲနှင့် အသိပညာပေးအစီအစဉ်ကို ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကွန်ရက်က ဦးဆောင်ကျင်းပမည်ဖြစ်သည်။ လူ့အခွင့်အရေးအသိပညာ တိုးပွားစေရန်၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား စည်းလုံးညီညွတ်မှု ခိုင်မာစေရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ လျော့နည်းပပျောက်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အသက် (၁၆) နှစ်နှင့်အထက် လူမျိုးဘာသာမရွေး ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဒီဇင်ဘာလ (၄) ရက်နေ့ နောက်ဆုံးထား၍ ကြိုတင်စာရင်းပေးသွင်းနိုင်သည်။

ယခုဖတ်ရန်
ဒေသတွင်းသတင်း

တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ၊ မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်မှ လေ‌ကြောင်းဖြင့် ဗုံးအလုံး(၂၀)ခန့် ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ (၅)ဦးသေဆုံးပြီး (၁၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ် သီပေါမြို့တွင် အမျိုးသားတစ်ဦးမှ စစ်ကောင်စီတပ် ထောင်ထားခဲ့သည့်မိုင်းတစ်လုံးကောက်ယူဆော့မိရာမှ ပေါက်ကွဲမှုဖြစ်ပြီး ပွဲချင်းပြီးသေဆုံး၊ တစ်ဦးမိုင်းစထိမှန်ဒဏ်ရာပြင်းထန်မှုရရှိခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ မိုးမိတ်မြို့နယ်အတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနမှ ကန့်သတ်ကြိုးဝိုင်း (၅)ဝိုင်း သတ်မှတ်ခဲ့သည်။

ဒေသတွင်းသတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော ခရိုင် (၅)ခရိုင်ဖြစ်သည့် ကျောက်မဲခရိုင်၊ မိုးကုတ်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ နမ့်ဆန်ခရိုင်နှင့် နမ့်ခမ်းခရိုင်တို့တွင် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ တစ်လအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၁၂၆)ဦးနှင့် ရောင်းဝယ်သူ (၁၃)ဦး ဖမ်းဆီးနိုင်ခဲ့သည်။

လူကြည့်အများဆုံး သတင်းများ

29 November 2026