တအာင်းပြည်၊ မန်တုံမြို့တွင် ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးတွင် အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြသည်။
ယခုဖတ်ရန်တအာင်းမြေတက္ကသိုလ် (TLU) တွင် ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုများကို နိုဝင်ဘာလ (၁၅) ရက်မှ ဒီဇင်ဘာလ (၃၁) ရက်အထိ လက်ခံသွားမည်ဖြစ်ပြီး စနစ်ဟောင်း Grade (10)၊ စနစ်သစ် Grade (12) အောင်မြင်သူများနှင့် CDM ကျောင်းသား/သူများ လျှောက်ထားနိုင်မည်ဖြစ်သည်။ ဝိဇ္ဇာနှင့် သိပ္ပံဘာသာရပ်များကို Zoom မှတစ်ဆင့် အွန်လိုင်းစနစ်ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း TLU က ထုတ်ပြန်ထားသည်။
တအာင်းပြည်၊ နမ္မတူမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် အပတ်စဉ် (၂) အရံမီးသတ်သင်တန်းဆင်းပွဲကို အောက်တိုဘာလ (၂၂) ရက်နေ့တွင် ကျင်းပခဲ့ပြီး သင်တန်းအောင်မြင်ပြီးမြောက်သူ (၄၇) ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
တအာင်းပြည်၊ နမ္မတူမြို့တွင် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စေရန်နှင့် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရန် ရည်ရွယ်သည့် လူဝင်မှုကြီးကြပ်ရေး စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းအပတ်စဉ် (၂) ကို အောက်တိုဘာ ၂၁ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၅၀ ဦး တက်ရောက်လျက်ရှိသည်။ သင်တန်းကာလ ၂ လခွဲအတွင်း သက်ဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
တအာင်းပြည်၊ နမ့်ခမ်းမြို့တွင် တအာင်းစာအဖွဲ့ (TLA) မှ ဦးဆောင်ဖွင့်လှစ်ခဲ့သည့် အခြေခံတအာင်းရုံးသုံးစာ အပတ်စဉ် (၁) သင်တန်းဆင်းပွဲကို အောက်တိုဘာလ (၂၁) ရက်နေ့တွင် ကျင်းပခဲ့သည်။ အဆိုပါသင်တန်းတွင် ဌာနဆိုင်ရာဝန်ထမ်း သင်တန်းသား/သူ စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ပြီး တအာင်းစာကို ရုံးလုပ်ငန်းများတွင် မှန်ကန်စွာ ဖတ်ရှုရေးသားအသုံးပြုနိုင်ရန် သင်ကြားပို့ချပေးခဲ့ကာ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
တအာင်းပြည်၊ နမ့်ဆန်မြို့နယ်တွင် အောက်တိုဘာလ (၁၈) ရက်နေ့က မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၂) ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဘိန်းဖြူ (၁၅.၄) ဂရမ်၊ စိတ်ကြွဆေးပြား (၃၁၄) ပြားနှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ အမျိုးသား (၂) ဦးကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
တအာင်းပြည်ပညာရေးကောင်စီ (TLEC) မှ ပညာရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေးဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ခန့်ထားရေး၊ အပြောင်းအရွှေ့ဆိုင်ရာ မူဝါဒများကို ပိုမိုနားလည်သဘောပေါက်စေရန် ရည်ရွယ်၍ အောက်တိုဘာ ၁၂ ရက်မှ ၁၅ ရက်အထိ နမ့်ခမ်းမြို့တွင် ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ရာ TLEC တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများအပါအဝင် လူဦးရေ ၅၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
တအာင်းပြည်အတွင်း ပြည်သူများ၏ ဥပဒေဆိုင်ရာအခွင့်အရေးများကို ကာကွယ်ပေးပြီး တရားမျှတမှု ဖော်ဆောင်နိုင်မည့် တရားရေးအရာရှိများ မွေးထုတ်ပေးရန် ရည်ရွယ်၍ အပတ်စဉ် (၂) တရားရေးအရာရှိသင်တန်းဆင်းပွဲကို အောက်တိုဘာ ၁၅ ရက်တွင် နမ့်ဆန်မြို့၌ ကျင်းပခဲ့သည်။ သင်တန်းအောင်မြင်ပြီးမြောက်သူ (၇) ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး ၎င်းတို့သည် တအာင်းပြည်အတွင်းရှိ မြို့နယ်အသီးသီးတွင် တရားသူကြီးနှင့် တရားရေးအရာရှိများအဖြစ် တာဝန်ထမ်းဆောင်သွားမည်ဖြစ်သည်။
နမ့်ဆန်မြို့တွင် ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စေရန် ရည်ရွယ်၍ ကျေးရွာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာ ၁၅ ရက်တွင် ပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲတွင် ဒေသအခြေခံလိုအပ်ချက်များ၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီး လူဦးရေ (၄၅) ဦးခန့် တက်ရောက်ခဲ့သည်။
လူကြည့်အများဆုံး သတင်းများ