တအာင်းပြည်၊ မန်တုံမြို့နယ်နှင့် နမ့်ဆန်မြို့နယ်တို့တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရာသီဥတုမျှတရေးနှင့် စိမ်းလန်းစိုပြေသော လူနေမှုပတ်ဝန်းကျင် ဖော်ဆောင်နိုင်ရေးအတွက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ၏ ဌာနဆိုင်ရာများနှင့် ဒေသခံမိဘပြည်သူများ ပူးပေါင်း၍ သစ်ပင်နှင့် ပန်းပင်ပေါင်း (၁၅,၀၀၀) ကျော်ကို စိုက်ပျိုးပြီးစီးခဲ့သည်။
ယခုဖတ်ရန်တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့တွင် လက်ဖက်မြေ နိုင်ငံရေးသိပ္ပံကျောင်း (Tea Land School Of Political Science- TLSPS) အပတ်စဉ် (၃) ဒီပလိုမာဘွဲ့ အပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉း၀၀)နာရီမှ (၁၂း၀၀)နာရီအထိ ကျင်းပပြီးစီးခဲ့ပြီး ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းနှင့် ဗိုလ်ချုပ် တားဘုန်းကျော်တက်ရောက်ခဲ့ကြသည်။
လူကြည့်အများဆုံး သတင်းများ