2330

မိုင်းလုံမြို့တွင် သက်တမ်းကုန်နေသည့် စားသောက်ကုန်ပစ္စည်းများကို ဌာနဆိုင်ရာများ ပူးပေါင်း၍ လိုက်လံစစ်ဆေးမှုပြုလုပ်ခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
26 November 2026

မိုင်းလုံမြို့တွင် သက်တမ်းကုန်နေသည့် စားသောက်ကုန်ပစ္စည်းများကို ဌာနဆိုင်ရာများ ပူးပေါင်း၍ လိုက်လံစစ်ဆေးမှုပြုလုပ်ခဲ့

 

မိုင်းလုံ၊ နိုဝင်ဘာ ၂၆ ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်၊ မိုင်းလုံမြို့အတွင်းတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့ နှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ သက်တမ်းကုန်နေသည့်  ဆေးဝါး၊ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို  လိုက်လံစစ်ဆေး မှုပြုလုပ်ခဲ့သည်။

 



အဆိုပါ စစ်ဆေးမှုများကို ပြီးခဲ့သည့် နိုဝင်ဘာလ (၁၈) ရက်နေ့မှ (၁၉) ရက်နေ့အထိ မြို့တွင်းရှိ ဆေးဆိုင်နှင့် ကုန်စုံဆိုင်များကို လိုက်လံစစ်ဆေးခဲ့ခြင်းဖြစ်သည်။ စစ်ဆေးမှုအတွင်း တွေ့ရှိခဲ့သည့် သက်တမ်းကုန်ဆုံးနေသော စားသောက်ကုန်၊ လူသုံးကုန်နှင့် ဆေးဝါးများကို သိမ်းဆည်းပြီး ၎င်းပစ္စည်းတို့ကို မီးရှို့ဖျက်ဆီးခဲ့ပါသည်။

 



ထို့အပြင် ဆိုင်ရှင်များအနေဖြင့် သက်တမ်းကုန်ဆုံးနေသည့် စားသောက်ကုန်၊ လူသုံးကုန်နှင့် ဆေးဝါးများအား ထပ်မံရောင်းချခြင်း မပြုလုပ်ကြရန်လည်း အသိပေးခဲ့သည်။ နောက်နောင်တွင် သက်တမ်းကုန်ဆုံးသော ပစ္စည်းများအား ဆက်လက်ရောင်းချမှု တွေ့ရှိပါက သက်ဆိုင်ရာဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက အသိပေးထားပါသည်။

 



ထို့ကြောင့် မိဘပြည်သူလူထုများအနေဖြင့် စားသောက်ကုန်နှင့် ဆေးဝါးများ ဝယ်ယူအသုံးပြုရာတွင် ထုတ်လုပ်သည့်ရက်နှင့် သက်တမ်းကုန်ဆုံးရက်များကို သေချာစစ်ဆေးဝယ်ယူအသုံးပြုကြရန်နှင့် သက်တမ်းကုန်ဆုံးနေသည့် ပစ္စည်းများ တွေ့ရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အမြန်ဆုံးသတင်းပေးအကြောင်းကြား၍ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုင်းလုံမြို့တွင် သက်တမ်းကုန်နေသည့် စားသောက်ကုန်ပစ္စည်းများကို ဌာနဆိုင်ရာများ ပူးပေါင်း၍ လိုက်လံစစ်ဆေးမှုပြုလုပ်ခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်