2329

နမ့်ဆန်၊ နမ္မတူနှင့် နမ့်ခမ်းမြို့တို့တွင် ကထိန်အလှူပွဲတော်များ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဒေသတွင်းသတင်း / ဒေသတွင်း
25 November 2026

နမ့်ဆန်၊ နမ္မတူနှင့် နမ့်ခမ်းမြို့တို့တွင် ကထိန်အလှူပွဲတော်များ စည်ကားသိုက်မြိုက်စွာ ကျင်းပ

နမ့်ဆန်၊ နိုဝင်ဘာ ၂၅ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ နမ့်ဆန်၊ နမ္မတူနှင့် နမ့်ခမ်းမြို့တို့တွင်PSLF/TNLA ဌာနဆိုင်ရာများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများ ပူးပေါင်းပါဝင်၍ ကထိန်အလှူပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။







အဆိုပါ ကထိန်အလှူပွဲတော်ကို နမ့်ဆန်မြို့ရှိ ဇယန်ကြီးကျောင်းတိုက်၌ နိုဝင်ဘာလ (၂၃) ရက်နေ့တွင် (၉၃) ကြိမ်မြောက် စုပေါင်း  မဟာဘုံကထိန်အလှူတော်အဖြစ်လည်းကောင်း၊ တန်ဆောင်မုန်းလပြည့်နေ့ နိုဝင်ဘာလ (၂၄) ရက်နေ့တွင် မြို့မဂိုဏ်းချုပ်ဆရာတော်ကျောင်းတိုက်၌ (၇၈) ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်အလှူတော်အဖြစ်လည်းကောင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။






ကထိန်အလှူပွဲတော်တွင် အလှူပဒေသာပင်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် စီးတန်းလှည့်လည်ခဲ့ကြပြီး လမ်းမကြီးတစ်လျှောက်တွင်လည်း ရိုးရာအကများဖြင့် ကပြဖျော်ဖြေကာ စုပေါင်းကုသိုလ်ပြု ဆင်နွှဲခဲ့ကြသည်။






အလားတူ နမ္မတူနှင့် နမ့်ခမ်းမြို့တို့တွင်လည်း ပြီးခဲ့သည့် နိုဝင်ဘာလ (၂၃) ရက်နေ့နှင့် (၂၄) ရက်နေ့တို့၌ မြို့လုံးကျွတ် ဘုံကထိန်ပွဲတော်များ ကျင်းပခဲ့သည့်အပြင် တအာင်းပြည်အတွင်းရှိ အခြားမြို့နယ်များတွင် လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။



ထို့အပြင် ကထိန်အလှူပွဲတော်တွင် သံဃာတော်များ၊ မယ်သီလရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသူ/သားများနှင့် ဒေသခံတိုင်းရင်းသားပြည်သူလူထုအပါအဝင် စုစုပေါင်း ခန့်မှန်းလူဦးရေ (၁၀,၀၀၀) ဦးကျော် ပါဝင်ဆင်နွှဲခဲ့ကြသည်။



ဤကထိန်အလှူတော်ပွဲတော်သည် ဗုဒ္ဓဘာသာဝင်တို့ မြတ်နိုးတန်ဖိုးထားရာ အလှူဒါနတစ်ရပ်ဖြစ်ပြီး သံဃာတော်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းဖြင့် ကုသိုလ်ကောင်းမှုများ ရရှိစေရန်၊ ဗုဒ္ဓသာသနာတော် စည်ပင်ထွန်းကားစေရန်နှင့် ဘာသာရေး အစဉ်အလာကောင်းများကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။




Website Official
www.taangland.org

Telegram Official Channel
https://t.me/pslftnlanews

Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV

YouTube Official
https://www.youtube.com/@pslftnlanews

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ဆန်၊ နမ္မတူနှင့် နမ့်ခမ်းမြို့တို့တွင် ကထိန်အလှူပွဲတော်များ စည်ကားသိုက်မြိုက်စွာ ကျင်းပ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်