2265

နမ့်ခမ်းမြို့နယ်တွင် တအာင်းပြည်မြို့နယ်ရဲ့တပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၁) ဦးကို ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
02 November 2026

နမ့်ခမ်းမြို့နယ်တွင် တအာင်းပြည်မြို့နယ်ရဲ့တပ်ဖွဲ့က  မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၁) ဦးကို ဖမ်းဆီးရမိ


နမ့်ခမ်း၊ နိုဝင်ဘာ ၂ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ နမ့်ခမ်းမြို့နယ်၊ လွယ်လမ်အုပ်စု၊ ကျန့်ကွင်းကျေးရွာတွင် တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၁) ဦးကို ဖမ်းဆီးရမိခဲ့သည်။


ဖြစ်စဥ်မှာ ပြီးခဲ့သည့် အောက်တိုဘာလ (၃၀) ရက်နေ့ ည (၇း၀၀) နာရီအချိန်၌ မူးယစ်ဆေးဝါး ရောင်းဝယ်နေကြောင်း သတင်းရရှိသဖြင့် တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ  အသက် (၅၁) နှစ်အရွယ် ဦးရန်ဖူးကျွတ်၏ နေအိမ်အတွင်းမှ ဘိန်းဖြူ (၁၄၅) ဂရမ်၊ ဘိန်းမဲ (၁၅၀) ဂရမ်၊ ယာမဆေးပြား (၁၅၁) ဂရမ်နှင့်အတူ အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။


လက်ရှိတွင် အဆိုပါအမျိုးသားကို တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားလျက်ရှိပြီး ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ (၂၁) ရက်နေ့ နမ္မတူမြို့နယ်၊ ပန်ဝိုးကျေးရွာတွင် မူးယစ်ဆေးဝါးရှောင်တခင်စစ်ဆေးမှုပြုလုပ်နေစဥ် ဘိန်းဖြူ (၂၆) ဂရမ်၊ စိတ်ကြွဆေးပြားထုပ်သေး (၁) ထုပ်နှင့်အတူ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ အမျိုးသား (၂) ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။ 


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ခမ်းမြို့နယ်တွင် တအာင်းပြည်မြို့နယ်ရဲ့တပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၁) ဦးကို ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်