2219

နမ့်ဆန်မြို့နယ်တွင် ကျေးရွာ (၄) ရွာ စုပေါင်း၍ ပျက်စီးနေသော လမ်းပိုင်းများကို ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ပြုပြင်ပြီးစီး

ဒေသတွင်းသတင်း / ဒေသတွင်း
08 October 2026

နမ့်ဆန်မြို့နယ်တွင် ကျေးရွာ (၄) ရွာ စုပေါင်း၍ ပျက်စီးနေသော လမ်းပိုင်းများကို  ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ပြုပြင်ပြီးစီး


နမ့်ဆန်၊ အောက်တိုဘာ ၈ ရက်

တအာင်းပြည်သတင်း 


တအာင်းပြည်၊ နမ့်ဆန်မြို့နယ်၊ ကျောက်ဖြူကြီးကျေးရွာအုပ်စုရှိ ကျောက်ဖြူ၊ ကျောက်ခေါင်း၊ မြိုင်၊ တောင်သုံးဆယ်ကျေးရွာတို့မှ ပြည်သူလူထုများ စုပေါင်း၍  နမ့်ဆန်မြို့၊ မန်မိုင်ရပ်ကွက်နှင့် တောင်သုံး ဆယ်ကျေးရွာကို  ဆက်သွယ်ထားသည့် ကွန်ကရစ်လမ်းမကြီးတစ်လျှောက်ရှိ ပျက်စီးနေသော လမ်းပိုင်းများကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြန်လည်ပြုပြင်ပြီးစီးခဲ့သည်။​


အဆိုပါလမ်းပြန်လည်ပြုပြင်ရန်အတွက် ပြင်ပ‌ရောက် တအာင်းလူငယ်များနှင့် ဒေသခံ စေတနာ အလှူရှင်များက စုပေါင်း၍ ကျပ်သိန်း (၁၅၀) ကျော် လှူဒါန်းခဲ့ကြပြီး ပြည်သူလူထုများ၏ စုပေါင်းလုပ်အားဖြင့် စက်တင်ဘာလ (၂၈) ရက်မှ အောက်တိုဘာလ (၇)ရက်အထိ ပြုပြင်ဆောင်ရွက်ခဲ့ကြသည်။​




ပြုပြင်ရေးလုပ်ငန်းများတွင် ပျက်စီးနေသည့် လမ်းပိုင်းများ၌ စုစုပေါင်း အရှည် (၄၁၂) ပေ၊ အနံ (၁၉) ပေ၊ အထူ‌(၈)လက်မခန့် ကွန်ကရစ်ထပ်လောင်းခြင်း၊ မြေသားညှိခြင်း၊ ကျောက်ခင်းခြင်းနှင့် ရေမြောင်းများပြန်လည်ပြုပြင်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။​


အဆိုပါလမ်းကို ကျေးရွာများအကြား သွားလာရေးပိုမိုအဆင်ပြေစေရန်၊ ဒေသထွက်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရန်၊ ဒေသခံများ၏ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များအတွက် သွားလာရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။​


ပြီးခဲ့သည့် စက်တင်ဘာလတွင်လည်း နမ့်ဆန်မြို့နယ်ရှိ အုမ်းစွမ်၊ မန်နောက်၊ ကွမ်ဟယ်၊ ခွန်ဟောက်အုပ်စုတို့မှ ဒေသခံပြည်သူများ စုပေါင်း၍  ပန်ရေကန်နှင့် နောက်လွယ်ကျေးရွာကြားရှိ  လမ်းမကြီးကို စုပေါင်းအင်အားဖြင့် ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ကြသည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ဆန်မြို့နယ်တွင် ကျေးရွာ (၄) ရွာ စုပေါင်း၍ ပျက်စီးနေသော လမ်းပိုင်းများကို ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ပြုပြင်ပြီးစီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်