2213

တအာင်းပြည် ပညာရေးကောင်စီ (TLEC) မှ ကလေးဘေးကင်းလုံခြုံရေးဆိုင်ရာ သင်တန်း ပို့ချခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
07 October 2026

တအာင်းပြည် ပညာရေးကောင်စီ (TLEC) မှ ကလေးဘေးကင်းလုံခြုံရေးဆိုင်ရာ သင်တန်း ပို့ချခဲ့

နမ့်ဆန်၊ အောက်တိုဘာ ၇ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ နမ့်ဆန်မြို့တွင် တအာင်းပြည် ပညာရေးကောင်စီ (TLEC) မှ ကလေးများအတွက် ဘေးကင်းလုံခြုံသော သင်ယူမှုပတ်ဝန်းကျင်များ ဖန်တီးပေးနိုင်ရန်နှင့် ပညာရေးအစီအစဉ်များတွင် ကလေးဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ငန်းစဉ်များ ပေါင်းစပ်ထည့်သွင်းနိုင်ရန် ရည်ရွယ်၍ ကလေးဘေးကင်းလုံခြုံရေးဆိုင်ရာ ဆရာဖြစ်သင်တန်း (Child Safeguarding Training of Trainers – TOT) ကို စက်တင်ဘာလ နောက်ဆုံးပတ်တွင် ပို့ချခဲ့သည်။




အဆိုပါသင်တန်းတွင် ကလေးဘေးကင်းလုံခြုံရေးနှင့် အရည်အသွေးမီပညာရေးတို့၏ ဆက်စပ်မှု၊ ကလေးဘေးကင်းလုံခြုံရေး (Child Safeguarding) နှင့် ကလေးကာကွယ်စောင့်ရှောက်ရေး (Child Protection) တို့အကြား ကွာခြားချက်များကို ဆွေးနွေးပို့ချခဲ့သည်။




ထို့အပြင် ကလေးများ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ပါဝင်ဆောင်ရွက်မှုနှင့် အပြုသဘောဆောင်သော စည်းကမ်းထိန်းသိမ်းမှုဆိုင်ရာ အကြောင်းအရာများကိုလည်း ထည့်သွင်းပို့ချခဲ့သည်။

သင်တန်းပြီးဆုံးပြီးနောက် အဆိုပါအကြောင်းအရာများကို ပိုမိုရှင်းလင်းစွာ နားလည်သဘောပေါက်လာစေရန်အပြင် TLEC ၏ ပညာရေးစနစ်အတွင်း ကလေးဘေးကင်းလုံခြုံရေးဆိုင်ရာ အသိပညာမြှင့်တင်ခြင်း၊ ဘေးအန္တရာယ်ဖြစ်နိုင်ခြေများ လျှော့ချခြင်းနှင့် သတင်းပို့တိုင်ကြားမှု ယန္တရားများ ပိုမိုခိုင်မာအားကောင်းစေရေးတို့အတွက် အကြံပြုချက်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါသင်တန်းအောင်မြင်ဖြစ်မြောက်ရေးအတွက် TLEC ၏ မိတ်ဖက်အဖွဲ့အစည်းများမှ နည်းပညာဆိုင်ရာ အထောက်အပံ့များ ပေးအပ်ခဲ့ပြီး သင်တန်းသို့ တအာင်းပြည်ပညာရေးကောင်စီမှ အတွင်းရေးမှူးများ၊ ဒါရိုက်တာအဖွဲ့ဝင်များနှင့် ရုံးချုပ်ဝန်ထမ်းများ စုစုပေါင်း (၄၀) ဦးကျော် တက်ရောက်ခဲ့ကြသည်။

Website Official
www.taangland.org

Telegram Official Channel
https://t.me/pslftnlanews

Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV

YouTube Official
https://www.youtube.com/@pslftnlanews

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည် ပညာရေးကောင်စီ (TLEC) မှ ကလေးဘေးကင်းလုံခြုံရေးဆိုင်ရာ သင်တန်း ပို့ချခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်