2165

TCLC မှ တရုတ်ဘာသာစကားဒီပလိုမာ သင်တန်းအပတ်စဉ် (၂) အတွက် ရွေးချယ်ခံရသူ (၅၇) ဦး အင်တာဗျူးဖြေဆိုမည့် ရက်နှင့်အချိန် အသိပေး

ဒေသတွင်းသတင်း / ဒေသတွင်း
18 September 2026

TCLC မှ တရုတ်ဘာသာစကားဒီပလိုမာ သင်တန်းအပတ်စဉ် (၂) အတွက် ရွေးချယ်ခံရသူ (၅၇) ဦး အင်တာဗျူးဖြေဆိုမည့် ရက်နှင့်အချိန် အသိပေး
 
နမ့်ဆန်၊ စက်တင်ဘာ ၁၈ ရက်
တအာင်းပြည်သတင်း
 
တအာင်းပြည်အတွင်း တအာင်းလူငယ်များ၏ အနာဂတ်ပညာရေးလမ်းကြောင်းများ ဖော်ဆောင်ပေးနိုင်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ Ta’angland Chinese Language Center (TCLC) မှ ဦးဆောင်ဖွင့်လှစ်မည့် တရုတ်ဘာသာစကားဒီပလိုမာ (Diploma in Chinese Language) သင်တန်း အပတ်စဉ် (၂) အတွက် ရွေးချယ်ခံရသူ သင်တန်းသား၊သူ (၅၇) ဦး၏ အင်တာဗျူးဖြေဆိုမည့် ရက်နှင့်အချိန်များကို အသိပေးအပ်ပါသည်။
 





အဆိုပါအင်တာဗျူးကို စက်တင်ဘာလ (၂၄) ရက်မှ (၂၈) ရက်အတွင်း မြို့အလိုက် သတ်မှတ်ထားသည့် အချိန်များအတိုင်း လူဦးရေကန့်သတ်၍ ပြုလုပ်သွားမည်ဖြစ်သည်။
 
စက်တင်ဘာလ (၂၄) ရက်တွင် သင်တန်းသား၊သူ (၁၁) ဦးအား နမ့်ဆန်မြို့၌ နေ့လယ် (၁) နာရီမှ ညနေ (၄) နာရီအထိ အင်တာဗျူးပြုလုပ်သွားမည်ဖြစ်သည်။ စက်တင်ဘာလ (၂၅) ရက်တွင် သင်တန်းသား၊သူ (၁၄) ဦးအား နမ္မတူမြို့၌ နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ အင်တာဗျူးပြုလုပ်သွားမည်ဖြစ်သည်။
 
ထို့ပြင် စက်တင်ဘာလ (၂၇) ရက်တွင် သင်တန်းသား၊သူ (၂၃) ဦးအား နမ့်ခမ်းမြို့၌ နံနက် (၈) နာရီမှ ညနေ (၄) နာရီအထိ အင်တာဗျူးပြုလုပ်သွားမည်ဖြစ်ပြီး ကျန်ရှိသည့် သင်တန်းသား၊သူ (၉) ဦးအား စက်တင်ဘာလ (၂၈) ရက်တွင် အွန်လိုင်းမှတစ်ဆင့် နံနက် (၉) နာရီမှ နေ့လယ် (၁၂) နာရီအထိ အင်တာဗျူးပြုလုပ်သွားမည်ဖြစ်သည်။
 
အဆိုပါသင်တန်းသို့ လျှောက်ထားသူများသည် တအာင်းပြည်အတွင်း နေထိုင်သည့် တအာင်းလူမျိုး၊ တအာင်းပြည်သားဖြစ်ရမည်ဖြစ်ပြီး ပညာအရည်အချင်းအနေဖြင့် စနစ်ဟောင်း (၁၀) တန်း (သို့မဟုတ်) စနစ်သစ် (၁၂) တန်း တက်ရောက်ပြီးသူများ ဖြစ်ရမည်။ ထို့အပြင် အကျင့်စာရိတ္တကောင်းမွန်သူ၊ အသက် (၂၂) နှစ်အောက်ရှိသူနှင့် တအာင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီလိုသူများ ဖြစ်ရမည်။
 
တရုတ်ဘာသာစကားဒီပလိုမာ သင်တန်းကာလမှာ (၂၀) လ ကြာမြင့်မည်ဖြစ်ပြီး သင်တန်းကို အောင်မြင်စွာ ပြီးမြောက်သူများအား တရုတ်ဘာသာစကားဒီပလိုမာဘွဲ့ ချီးမြှင့်ပေးသွားမည်ဖြစ်သည်။ သင်တန်းပြီးဆုံးသူများအနေဖြင့် တအာင်းပြည်အစိုးရ၏ လုပ်ငန်းဌာနများတွင် အနည်းဆုံး (၃) နှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။
 
အဆိုပါသင်တန်းကျောင်းကို ပညာတတ် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်၊ တအာင်းပြည်ပညာရေးမှတစ်ဆင့် နိုင်ငံတကာပညာရေးသို့ လက်လှမ်းမီနိုင်စေရန်၊ လက်ရှိနိုင်ငံရေးအခြေအနေများကြောင့် ရပ်တန့်နေသည့် ပညာရေးကို ဆက်လက်ဆည်းပူးနိုင်စေရန်နှင့် အခြေခံအထက်တန်းပညာ ပြီးမြောက်သူများအတွက် အဆင့်မြင့်ပညာရေး အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။
 
အလားတူ တရုတ်ဘာသာစကားဒီပလိုမာ (Diploma in Chinese Language) သင်တန်းအပတ်စဉ် (၁) ကို ပြီးခဲ့သည့်၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။

Website Official
www.taangland.org

Telegram Official Channel
https://t.me/pslftnlanews

Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV

YouTube Official
https://www.youtube.com/@pslftnlanews

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: TCLC မှ တရုတ်ဘာသာစကားဒီပလိုမာ သင်တန်းအပတ်စဉ် (၂) အတွက် ရွေးချယ်ခံရသူ (၅၇) ဦး အင်တာဗျူးဖြေဆိုမည့် ရက်နှင့်အချိန် အသိပေး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်