2164

နမ့်ခမ်းမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများကို တအာင်းစာအခြေခံ တတ်မြောက်ရေးအတွက် တအာင်းစာအဖွဲ့-TLA မှ သင်တန်းဖွင့်လှစ်သင်ကြားပေး

ဒေသတွင်းသတင်း / ဒေသတွင်း
18 September 2026

နမ့်ခမ်းမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများကို တအာင်းစာအခြေခံ တတ်မြောက်ရေးအတွက် တအာင်းစာအဖွဲ့-TLA မှ  သင်တန်းဖွင့်လှစ်သင်ကြားပေး


နမ့်ခမ်း၊ စက်တင်ဘာ ၁၈ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ နမ့်ခမ်းမြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်မှုအောက်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် တအာင်းဘာသာစကားကို အခြေခံကျွမ်းကျင်စွာ အသုံးပြုနိုင်ရေးအတွက် တအာင်းစာအဖွဲ့-TLA မှ အခြေခံတအာင်းစာသင်တန်းကို စက်တင်ဘာလ (၁၄) ရက်နေ့၌ စတင်ဖွင့်လှစ်သင်ကြားပေးခဲ့သည်။




မြို့နယ်ဌာနဆိုင်ရာရုံးများတွင် တအာင်းစာကို ပိုမိုကျွမ်းကျင်စွာ အသုံးပြုနိုင်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် အဆိုပါအခြေခံတအာင်းစာသင်တန်းအတွင်း သင်တန်းသူ (၁၇) ဦးနှင့် သင်တန်းသား (၂၃) ဦးတို့ဖြင့် စုစုပေါင်း (၄၀) ဦး တက်ရောက်သင်ယူလျက်ရှိသည်။


အဆိုပါ တအာင်းစာအခြေခံသင်တန်းကို တစ်လတာကာလအတွင်း ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး တအာင်းစာကို ရုံးလုပ်ငန်းဆိုင်ရာများတွင် အသုံးပြုနိုင်ရန်အပြင် အခြေခံအားဖြင့် မှန်ကန်စွာ ဖတ်ရှုရေးသားတတ်မြောက်စေရေး လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။




အလားတူ နမ့်ခမ်းမြို့တွင် ပြီးခဲ့သည့် သြဂုတ်လ (၂၆) ရက်နေ့လည်း တအာင်းစာအဖွဲ့-TLA ၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သင်ကြားခဲ့သည့် ဆရာဖြစ်သင်တန်း (TOT) အပတ်စဉ် (၆) သင်တန်းကို သင်တန်းသူ/သား စုစုပေါင်း (၇၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းဆင်းပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


#PSLF/TNLA

#သတင်းနှင့်ပြန်ကြား‌ရေးဌာန

Topics: နမ့်ခမ်းမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများကို တအာင်းစာအခြေခံ တတ်မြောက်ရေးအတွက် တအာင်းစာအဖွဲ့-TLA မှ သင်တန်းဖွင့်လှစ်သင်ကြားပေး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်