2163

နမ့်ဆန်နှင့် မိုင်းငေါ့မြို့တွင် မူးယစ်ဆေးဝါးရောင်ဝယ်သူ (၁) ဦး၊ သုံးစွဲသူ (၂) ဦး ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
17 September 2026

နမ့်ဆန်နှင့် မိုင်းငေါ့မြို့တွင် မူးယစ်ဆေးဝါးရောင်ဝယ်သူ (၁) ဦး၊ သုံးစွဲသူ (၂) ဦး ဖမ်းဆီးရမိ

နမ့်ဆန်၊ စက်တင်ဘာ ၁၇ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ နမ့်ဆန်နှင့် မိုင်းငေါ့မြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများဆောက်ရွက်နေချိန်အတွင်း မူးယစ်ဆေးဝါးရောင်ဝယ်သူ (၁) ဦး၊ သုံးစွဲသူ (၂) ဦး ဖမ်းဆီးရမိခဲ့သည်။



နမ့်ဆန်မြို့နယ်၊ တောင်သုံးဆယ်ကျေးရွာတွင် မူးယစ်ဆေးဝါးများ ရောင်းဝယ်နေသည်ဟု သတင်းရရှိသဖြင့် စက်တင်ဘာလ (၄) ရက်နေ့၌ မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးရာ အသက် (၄၅) နှစ်အရွယ် ဦးအောင်မြင့်ကျော်ထံ ဘိန်းဖြူ (၃.၁) ဂရမ်၊ ယာမဆေးပြား (၉၈၇) ပြားသိမ်းဆည်းရမိခဲ့ပါသည်။

ထို့အပြင် ပြီးခဲ့သည့် စက်တင်ဘာလ (၃) ရက်နေ့လည်း နမ့်ဆန်မြို့အတွင်း မြို့နယ်ရဲတပ်ဖွဲ့မှ ကင်းလှည့်ပတ်စစ်ဆေးနေချိန် မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၂၃) နှစ်အရွယ် မောင်အောင်ဆိုမိုးထံ ယာမဆေးပြား (၁၂) ပြားနှင့်အတူ  ဖမ်းဆီးရမိခဲ့ပါသည်။

အလားတူ မိုင်းငေါ့မြို့တွင် စက်တင်ဘာလ (၁၂) ရက်နေ့၌ မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးနေချိန် မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၃၉) နှစ်အရွယ် ဦးစိုင်းအောင်ထံ ယာမဆေးပြား (၂၉) ပြား၊ ကျပ်ငွေ (၆၅၀၀၀၀) ကျပ်နှင့် ဖုန်း (၁)လုံး၊ ဆက်စပ်ပစ္စည်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိထားသည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သုံးစွဲသူများကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေးနှင့် အသိပညာပေးအစီအစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

PSLF/TNLA အနေဖြင့် တအာင်းပြည်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် မူးယစ်ဆေးဝါးအသုံးပြုမှုနှင့် ရောင်းဝယ်ဖြန့်ဖြူးမှုများ ပပျောက်စေရန်၊ လူငယ်များ၏ အနာဂတ်ကို ကာကွယ်ထိန်းသိမ်းနိုင်ရန်နှင့် တရားဥပဒေစိုးမိုးရေး၊ လူမှုဘဝလုံခြုံတည်ငြိမ်ရေးတို့ကို မြှင့်တင်နိုင်ရန် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

Website Official
www.taangland.org

Telegram Official Channel
https://t.me/pslftnlanews

Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV

YouTube Official
https://www.youtube.com/@pslftnlanews

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ဆန်နှင့် မိုင်းငေါ့မြို့တွင် မူးယစ်ဆေးဝါးရောင်ဝယ်သူ (၁) ဦး၊ သုံးစွဲသူ (၂) ဦး ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်