နမ့်ဆန်မြို့တွင် တအာင်းပြည်ပညာရေးကောင်စီ-TLEC မှ အခြေခံပညာသင်ရိုးသစ်နှင့် ကိုယ်ပိုင်စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ တွေ့ဆုံရှင်းလင်းပွဲကျင်းပ
နမ့်ဆန်၊ စက်တင်ဘာ ၁၆ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ဆန်မြို့နယ်ပညာရေးရုံးခန်းမတွင် တအာင်းပြည်ပညာရေးကောင်စီ-TLEC မှ အခြေခံပညာသင်ရိုးသစ်နှင့် ကိုယ်ပိုင်စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ တွေ့ဆုံရှင်းလင်းပွဲကို စက်တင်ဘာလ (၄) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၌ အသုံးပြုသွားမည့် စွမ်းရည်အခြေပြု သင်ရိုးညွှန်းတမ်းအညွှန်းဘောင် (Competency Based Curriculum Framework) နှင့်ပတ်သက်သည့်အကြောင်းအရာများကို အဓိက ရှင်းလင်းတင်ပြခဲ့သည်။ ထို့အပြင် TLEC ၏ ကိုယ်ပိုင်စစ်ဆေးအကဲဖြတ်ခြင်းစနစ်နှင့် စစ်ဆေးအကဲဖြတ်မှုဆိုင်ရာလုပ်ငန်းစဥ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲကို နမ့်ဆန်မြို့နယ်ပညာရေးရုံးတာဝန်ရှိသူများ၊ အလယ်တန်း (ဖက်ဒရယ်ပညာရေး စွမ်းရည်အခြေပြုသင်ရိုးညွှန်းတမ်းစမ်းသပ်ကျောင်း) ကျောင်းကောင်စီအဖွဲ့ဝင်များ၊ ကျောင်းသား /သူများ နှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများမှ ၎င်းသိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး အပြန်အလှန် အကြံပြုဆွေးနွေးခဲ့ကြသည်။
ယခုကဲ့သို့ တွေ့ဆုံပွဲပြုလုပ်ရခြင်းသည် ကျောင်းသား/သူများ၏ သင်ယူမှုအရည်အသွေးကို မြှင့်တင်ရန်နှင့် ပညာရေးလုပ်ငန်းစဥ်များတွင် ကျောင်းသားမိဘများ၊ ကျောင်းသား/သူများနှင့် ကျောင်းကောင်စီတို့၏ ပူးပေါင်းပါဝင်မှုကို ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ပြီး တွေ့ဆုံရှင်းလင်းခြင်းဖြစ်သည်။
ထို့အပြင် ပြီးခဲ့သည့် စက်တင်ဘာလ (၁၀) ရက်နေ့နှင့် (၁၁) ရက်နေ့တွင် TLEC မှ သင်ကြားရေး အရည်အသွေးပိုမိုမြင့်မာလာစေရန်၊ လက်တွေ့မြေပြင်လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် ရည်ရွယ်၍ Teacher Manual နှင့် Education Policy ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကိုလည်း ကျင်းပပြုလုပ်ခဲ့သည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ