တောင်သုံးဆယ်ကျေးရွာတွင် ဝက်ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် နှစ်ပတ်အတွင်း (၁၂) ကောင် သေဆုံး
နမ့်ဆန်၊ သြဂုတ် ၂၆ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ဆန်မြို့နယ်၊ တောင်သုံးဆယ်ကျေးရွာတွင် ဝက်ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် နှစ်ပတ်အတွင်း ဝက် (၁၂) ကောင် သေဆုံးခဲ့ပြီး စုစုပေါင်းတန်ဖိုး ကျပ်သိန်း (၁၀၀) ကျော်အထိ ဆုံးရှုံးသွားခဲ့ပါသည်။
ထို့ကျေးရွာကို ပြီးခဲ့သည့် သြဂုတ်လ (၉) ရက်နေ့မှစတင်ကာ ဝက်ရောဂါပြန်နှံ့ကူးစက်မှု ပြင်းထန်လာခဲ့ခြင်းဖြစ်ပြီး ဝက်အများအပြား သေဆုံးမှုဖြစ်ပွားခဲ့ပါသည်။ မွေးမြူရေးပိုင်ရှင်များသည် နာမကျန်းသော ဝက်များကို ဆေးဝါးများ ထိုးနှံပေးခြင်းနှင့် အာဟာရပြည့်ဝသော အစာများ အထူးတစိုက် ကျွေးမွေးခဲ့သော်လည်း ရောဂါသက်သာလာခြင်းမရှိဘဲ တစ်နေ့ထက်တစ်နေ့ သေဆုံးမှုနှုန်းသာ ပိုမိုမြင့်တက်လာခဲ့သည်။
အဆိုပါ အစုလိုက်အပြုံလိုက် သေဆုံးနေသည့် တိရစ္ဆာန်များနှင့် ပတ်သက်၍ မိဘပြည်သူများအနေဖြင့် သေဆုံးနေသော ဝက်များကို သွားရောက်ကိုင်တွယ်ခြင်း၊ ချက်ပြုတ်စားသောက်ခြင်းနှင့် ရောင်းချခြင်းများကို လုံးဝမပြုလုပ်ကြရန် အထူးလိုအပ်ကြောင့် တအာင်းပြည်ကျန်းမာရေးကောင်စီ-THC မှ အကြံပြုထားပါသည်။
ထို့အပြင် သေဆုံးသွားသော တိရစ္ဆာန်များကို စွန့်ပစ်ဖျက်ဆီးရာတွင်လည်း နှာခေါင်းစည်း၊ လက်အိတ် အစရှိသည့် အကာအကွယ်ပစ္စည်းများကို စနစ်တကျ အသုံးပြုကာ မြေမြှုပ်ဖျက်ဆီးကြရန်နှင့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန်အတွက် တအာင်းပြည်ကျန်းမာရေးကောင်စီမှ ပြီးခဲ့သည့် မေလအတွင်း၌ သတိပေးနှိုးဆော်ချက် ထုတ်ပြန်ထားခဲ့သည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ