တအာင်းပညာရေးအကယ်ဒမီ-TEA မှ ၂၀၂၆–၂၀၂၇ ပညာသင်နှစ် ဆရာအတတ်ပညာ ဒီပလိုမာသင်တန်း (DTED) အပတ်စဉ် (၄) တက်ရောက်ခွင့်ရရှိသူ (၁၁၈) ဦး အမည်စာရင်း ထုတ်ပြန်
နမ့်ဆန်၊ ဩဂုတ် ၉ရက်
တအာင်းပြည်သတင်း
တအာင်းပညာရေးအကယ်ဒမီ (Ta’ang Education Academy – TEA) ၏ ၂၀၂၆–၂၀၂၇ ပညာသင်နှစ် ဆရာအတတ်ပညာ ဒီပလိုမာသင်တန်း (Diploma in Teacher Education – DTED) အပတ်စဉ် (၄) သို့ တက်ရောက်ခွင့်ရရှိသည့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၁၈) ဦး၏ အမည်စာရင်းကို TEA မှ သြဂုတ်လ (၈) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ တအာင်းပညာရေးအကယ်ဒမီ (TEA) ၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဆရာအတတ်ပညာဒီပလိုမာသင်တန်း (DTED Batch-4) သို့ တက်ရောက်ခွင့်ရရှိသူများအနေဖြင့် အမည်စာရင်းပါ သက်ဆိုင်ရာ (TLEC) မြို့နယ်ပညာရေးမှူးရုံးများသို့ သတင်းပို့၍ မြို့နယ်ပညာရေးမှူးရုံး၏ စီစဉ်ဆောင်ရွက်ပေးခြင်းသော်လည်းကောင်း၊ မိမိတို့ အစုအဖွဲ့ဖြင့် စုဖွဲ့၍သော်လည်းကောင်း သြဂုတ်လ (၁၀) ရက်နေ့မှ (၁၂) ရက်နေ့အတွင်း သင်းတန်းကို ရောက်ရှိလာရမည်ဖြစ်သည်။

ထို့အပြင် သင်တန်းတက်ရောက်မည့် သင်တန်းသား/သူများအနေဖြင့် မိမိတို့၏ တစ်ကိုယ်ရေသုံး ပစ္စည်းများ (TLEC ဆရာ/ဆရာမ ယူနီဖောင်းအပါ)နှင့် အိပ်ရာခင်း (၁) စုံအား တစ်ပါတည်း ယူဆောင်လာရမည်ဖြစ်သည်။ ဤသင်တန်းကို တက်ရောက်ခွင့်ရရှိသူများသည် တအာင်းပြည်ရှိ နမ့်ဆန်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မူဆယ်၊ မိုင်းငေါ့၊ မန်တုံ၊ မိုင်းဝီးနှင့် နမ္မတူမြို့နယ်မှ လူငယ်မောင်မယ်များ ဖြစ်ကြပါသည်။

တအာင်းပညာရေးအကယ်ဒမီ (TEA) ၏ ဆရာအတတ်ပညာဒီပလိုမာသင်တန်း အပတ်စဉ် (၃) ကို ပြီးခဲ့သည့် ဇန်နဝါရီလ (၃) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၄၆) ဦး တက်ရောက်သင်ကြားလျက်ရှိပါသည်။

တအာင်းပညာရေးအကယ်ဒမီ (TEA) ၏ ဆရာအတတ်ပညာဒီပလိုမာသင်တန်းမှတစ်ဆင့် ဆရာ၊ ဆရာမများအနေဖြင့် လိုအပ်သည့် ပညာရေးနှင့် သင်ကြားရေးဆိုင်ရာ အရည်အချင်းများကို မြှင့်တင်နိုင်မည်ဖြစ်ပြီး တအာင်းပြည်အတွင်း ပညာရေးကဏ္ဍအတွက် အရည်အချင်းပြည့်ဝသည့် ဆရာ၊ ဆရာမများ ပေါ်ထွန်းလာစေရန် အထောက်အကူပြုမည်ဖြစ်သည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ