2042

မန်တုံနှင့် ဟိုမိန်းကျေးရွာကြားရှိ လမ်းမကြီးတစ်လျှောက်တွင် မြို့နယ်စည်ပင်သာယာအဖွဲ့နှင့် ပြည်သူလူထုများ စုပေါင်း၍ မြက်ပင်၊ ခြုံပင်များ ခုတ်ထွင်ရှင်းလင်းခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
08 August 2026

မန်တုံနှင့် ဟိုမိန်းကျေးရွာကြားရှိ လမ်းမကြီးတစ်လျှောက်တွင် မြို့နယ်စည်ပင်သာယာအဖွဲ့နှင့် ပြည်သူလူထုများ စုပေါင်း၍ မြက်ပင်၊ ခြုံပင်များ ခုတ်ထွင်ရှင်းလင်းခဲ့

နမ့်ဆန်၊ သြဂုတ် ၈ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ မန်တုံနှင့် ဟိုမိန်းကျေးရွာကြားရှိ လမ်းမကြီးတစ်လျှောက်တွင် လမ်းဘေးရှိ မြက်ပင်၊ ခြုံပင်များ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူလူထုများက စုပေါင်း၍ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။



အဆိုပါ လမ်းမကြီးသည် ခြုံပင်၊ မြက်ပင်များ ထူထပ်နေပြီး ပြည်သူလူထုများ ခရီးသွားရာတွင် အန္တရာယ်များကြုံတွေ့နိုင်သောကြောင့် ယခုလို ခုတ်ထွင်ရှင်းလင်းရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။



၎င်းရှင်းလင်းရေးလုပ်ငန်းကို ပြီးခဲ့သည့် သြဂုတ်လ (၃) ရက်နေ့၌ စတင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ  ဦးဆောင်ပြီး ပြည်သူလူထု စုစုပေါင်း လူဦးရေ (၆၀) ဦးကျော် ဝိုင်းဝန်းရှင်းလင်းခဲ့ပါသည်။

အလားတူ ပြီးခဲ့သည့် သြဂုတ် (၁)ရက်နေ့လည်း မန်တုံနှင့် နမ့်လန်းကျေးရွာကြားရှိ လမ်းမကြီးတစ်လျှောက်တွင် လမ်းပေါ် ရေများမရောက်ရှိအောင် ရေမြောင်းများတူးဖော်ခြင်း၊ လမ်းဘေးရှိ မြက်ပင်၊ ခြုံပင်များ ခုတ်ထွင်ရှင်းလင်းလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဦးဆောင်ပြီး ပြည်သူလူထုများနှင့်အတူ ဝိုင်းဝန်းခုတ်ထွင်ရှင်းလင်းဆောင်ရွက်ပေးခဲ့သည်။

Website Official
www.taangland.org

Telegram Official Channel
https://t.me/pslftnlanews

Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV

YouTube Official
https://www.youtube.com/@pslftnlanews

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မန်တုံနှင့် ဟိုမိန်းကျေးရွာကြားရှိ လမ်းမကြီးတစ်လျှောက်တွင် မြို့နယ်စည်ပင်သာယာအဖွဲ့နှင့် ပြည်သူလူထုများ စုပေါင်း၍ မြက်ပင်၊ ခြုံပင်များ ခုတ်ထွင်ရှင်းလင်းခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်