လက်ဖက်မြေနိုင်ငံရေးသိပ္ပံကျောင်း အပတ်စဥ် (၄) ဝင်ခွင့်လျှောက်လွှာကို လာမည့်သြဂုတ် (၁၅) ရက် နေ့အထိ လက်ခံသွားမည်
နမ့်ဆန်၊ သြဂုတ် ၈ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်အတွင်း ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးနှင့် လူငယ်ခေါင်းဆောင်များ မွေးထုတ်ပေးနိုင်ရေးအတွက် လက်ဖက်မြေပညာရေးဖောင်ဒေးရှင်းမှ ဖွင့်လှစ်သွားမည့် လက်ဖက်မြေ နိုင်ငံရေးသိပ္ပံကျောင်း အပတ်စဥ် (၄) ဝင်ခွင့်လျှောက်လွှာကို လာမည့် သြဂုတ်လ (၁၅) ရက်နေ့တွင် နောက်ဆုံးထား၍ လက်ခံသွားမည်ဖြစ်သည်။

အဆိုပါကျောင်းကို အသက် (၁၈) နှစ်မှ (၃၀) နှစ်အတွင်းရှိ နိုင်ငံရေးနယ်ပယ်စိတ်ပါဝင်စားသူ လူငယ်များလျှောက်ထားနိုင်ပြီး ပညာရေးစနစ်ဟောင်း Grade (10) သို့မဟုတ် ပညာရေးစနစ်သစ် Grade (12) အောင်မြင်ထားသူများဖြစ်ရမည်။ လျှောက်ထားသူများအတွင်း သတ်မှတ်ထားသည့် အရည်အချင်းနှင့်ကိုက်ညီသော ကျောင်းသား၊ သူ (၃၀) မှ (၃၅) ဦးကိုသာ စိစစ်ရွေးချယ် လက်ခံသွားမည်ဖြစ်သည်။
သင်တန်းကာလအားဖြင့် (၂) နှစ်တာကြာမြင့်မည်ဖြစ်ပြီး Semester (၂) ခုဖြင့်ခွဲ၍ သင်ကြားပေးသွားမည်ဖြစ်သည်။ ပထမနှစ်တွင် အခြေခံစွမ်းရည်မြှင့်တင်သည့်ဘာသာရပ်များကို သင်ကြားပေးမည်ဖြစ်ပြီး ဒုတိယနှစ်တွင် နိုင်ငံရေးနှင့် မူဝါဒဆိုင်ရာဘာသာရပ်များကို ပြည်တွင်း၊ ပြည်ပ ကျွမ်းကျင်ပညာရှင်များနှင့် ချိတ်ဆက်၍ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ ထို့နောက် ကျောင်းကို အောင်မြင်စွာ သင်ကြားတက်ရောက်သူများကိုလည်း နိုင်ငံရေးသိပ္ပံဒီပလိုမာဘွဲ့ အပ်နှင်းပေးသွားမည်ဖြစ်သည်။
လျှောက်လိုသူများအနေဖြင့် အချိန်မီလျှောက်ထားနိုင်ရန် ဝင်ခွင့်လျှောက်လွှာ (Hard Copy/PDF) နှင့် အသေးစိတ်အချက်အလက်များကို ကျောင်း၏ လူမှုကွန်ရက်စာမျက်နှာ၊ အီးမေလ် ([email protected]) နှင့်ဆက်သွယ်ခြင်း၊ Signal နံပါတ်များဖြစ်ကြသည့် ၀၉၆၇၅၂၄၅၁၀၀၊ ၀၉၂၆၄၆၀၇၅၃၆ တို့မှတစ်ဆင့် ဆက်သွယ်၍ လျှောက်ထားနိုင်ပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ