2039

လီဆူကျေးရွာတွင် အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်သူအမျိုးသားတစ်ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
08 August 2026

လီဆူကျေးရွာတွင် အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်သူအမျိုးသားတစ်ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ

နမ့်ဆန်၊ သြဂုတ် ၈ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့နယ်၊ မန်လုံအုပ်စု၊ လီဆူကျေးရွာတွင် အိမ်တွင်းအကြမ်း ဖက်မှု ကျူးလွန်သူအမျိုးသားတစ်ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပါသည်။

ဖြစ်စဥ်တွင် ပြီးခဲ့သည့် ဇူလိုင်လ (၂၆) ရက်နေ့ ည (၁၁း၀၀) နာရီဝန်းကျင်၌ အသက် (၃၈) နှစ်အရွယ် ဦးကျော်ဝင်းသည် အရက်သောက်စားပြီး အိမ်ပြန်လာချိန် ခြံဝင်းတံခါးသွားမဖွင့်ပေးဟုဆိုကာ ဇနီးဖြစ်သူကို ခြေထောက်ဖြင့် ခါးနှင့် ဦးခေါင်းကို ကန်ခြင်း၊ မျက်လုံးကို  လက်သီးဖြင့် ပြင်းထန်စွာ ထိုးနှက်ခဲ့သည့်အပြင် ဓားမြောင်ဖြင့် သတ်ပစ်မည်ဟု ထပ်မံခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ဇနီးဖြစ်သူ၏ မိသားစုဝင်များက သြဂုတ်လ (၃) ရက်နေ့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့ထံ သွားရောက်အမှုဖွင့်တိုင်ကြားခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ အဆိုပါအမျိုးသားကို ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သူ ထိုအမျိူးသားကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ တရားဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Website Official
www.taangland.org

Telegram Official Channel
https://t.me/pslftnlanews

Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV

YouTube Official
https://www.youtube.com/@pslftnlanews

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: လီဆူကျေးရွာတွင် အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်သူအမျိုးသားတစ်ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်