2019

နမ္မတူမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူ (၁၅)ဦးကို အကျင့်စာရိတ္တ ပြည်လည်ပြုပြင်ရေးအစီစဉ် ပြီးမြောက်၍ မိသားစုထံပြန်လည်လွှဲပြောင်းခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
27 July 2026

နမ္မတူမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူ (၁၅)ဦးကို အကျင့်စာရိတ္တ ပြည်လည်ပြုပြင်ရေးအစီစဉ် ပြီးမြောက်၍ မိသားစုထံပြန်လည်လွှဲပြောင်းခဲ့


နမ္မတူ၊ ဇူလိုင် ၂၇ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ မန်တုံခရိုင်၊ နမ္မတူမြို့တွင် မူးယစ်းဆေးဝါးသုံးစွဲမှုမှ ကင်းဝေးပြီး လူမှုဘဝသို့ ပြန်လည်ဝင်ရောက်နိုင်‌စေရေးကို ရည်ရွယ်၍ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့၏ အကျင့်စာရိတ္တ ပြန်လည်ပြုပြင်ရေးအစီစဉ်ကို (၆)လကြာ အောင်မြင်စွာ ပြီးမြောက်ခဲ့သည့် မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၁၄)ဦးနှင့် အမျိုးသမီး (၁)ဦးတို့ကို မိသားစုထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။


၎င်းတို့ကို မြို့နယ်ရဲတပ်ဖွဲ့မှ အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေးစခန်းတွင် (၆) လကြာ ပြန်လည်ထိန်းကျောင်းခြင်း၊ အသိပညာပေးခြင်းနှင့် အကျင့်စာရိတ္တပြုပြင်ရေးအစီအစဉ်များကို ခံယူခဲ့ကြပြီး ပြီးခဲ့သည့် ဇူလိုင်လ (၆)ရက်နေ့တွင် မူးယစ်ဆေးဝါးသုံးစွဲသူ (၉)ဦးသော်လည်းကောင်း ဇူလိုင်လ (၂၂)ရက်နေ့တွင် (၆)ဦးသော်လည်းကောင်း ပြန်လွတ်ပေးခဲ့ပါသည်။


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေအရ မူးယစ်ဆေးဝါးသုံးစွဲသူများကို ပထမအကြိမ် ဖမ်းဆီးရမိပါက အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေးစခန်းတွင် (၆) လကြာ ပို့ဆောင်ထိန်းကျောင်းပြီး၊ ကတိဝန်ခံချက်ဖြင့် လွတ်ပေးခဲ့သည်။ ထို့နောက် မူးယစ်ဆေးဝါး ပြန်လည်သုံးစွဲကြောင်း ထပ်မံစစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဥပဒေပုဒ်မ (ခ) အရ (၂) နှစ်မှ (၃) နှစ်အထိ အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေးစခန်းသို့ ပို့ဆောင်၍ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။


မိမိအဖွဲ့အစည်းအနေဖြင့် တအာင်းပြည်အတွင်း မူးယစ်ဆေးဝါးကင်းစင်ရေးနှင့် တရားဥပဒေစိုးမိုးရေး မြှင့်တင်နိုင်ရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။


အလားတူ ပြီးခဲ့သည့် ဇူလိုင်လ (၁၄)ရက်နေ့လည်း မိုင်းဝီးမြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲမှုမှ ကင်းဝေးပြီး လူမှုဘဝသို့ ပြန်လည်ဝင်ရောက်နိုင်စေရေးကို ရည်ရွယ်၍ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့၏ အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေးအစီအစဉ် ပြီးမြောက်ခဲ့သည့် မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၂) ဦးအား မိသားစုထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ္မတူမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူ (၁၅)ဦးကို အကျင့်စာရိတ္တ ပြည်လည်ပြုပြင်ရေးအစီစဉ် ပြီးမြောက်၍ မိသားစုထံပြန်လည်လွှဲပြောင်းခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်