မိုင်းဝီးမြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ (၂) ဦး အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေး အစီအစဉ်ပြီးမြောက်၍ မိသားစုထံ ပြန်လည်လွှဲပြောင်းခဲ့
မိုင်းဝီး၊ ဇူလိုင် ၂၂ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ မိုင်းဝီးမြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲမှုမှ ကင်းဝေးပြီး လူမှုဘဝသို့ ပြန်လည်ဝင်ရောက်နိုင်စေရေးကို ရည်ရွယ်၍ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့၏ အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေးအစီအစဉ်ကို (၆) လကြာ အောင်မြင်စွာ ပြီးမြောက်ခဲ့သည့် မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၂) ဦးအား မိသားစုထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လ (၁၄) ရက်နေ့တွင် အသက် (၂၈) နှစ်အရွယ် ဦးညီနွယ်နှင့် အသက် (၅၃) နှစ်အရွယ် ဦးညီနိုးတို့အား မိသားစုထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။ ၎င်းတို့သည် မိုင်းဝီးမြို့နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ဖမ်းဆီးရမိခဲ့ပြီးနောက် အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေးစခန်းတွင် (၆) လကြာ ပြန်လည်ထိန်းကျောင်းခြင်း၊ အသိပညာပေးခြင်းနှင့် အကျင့်စာရိတ္တပြုပြင်ရေးအစီအစဉ်များကို ခံယူခဲ့ကြသည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေအရ မူးယစ်ဆေးဝါးသုံးစွဲသူများကို ပထမအကြိမ် ဖမ်းဆီးရမိပါက အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေးစခန်းတွင် (၆) လကြာ ပို့ဆောင်ထိန်းကျောင်းပြီး၊ ကတိဝန်ခံချက်ဖြင့် လွတ်ပေးခဲ့သည်။ ထို့နောက် မူးယစ်ဆေးဝါး ပြန်လည်သုံးစွဲကြောင်း ထပ်မံစစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဥပဒေပုဒ်မ (ခ) အရ (၂) နှစ်မှ (၃) နှစ်အထိ အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေးစခန်းသို့ ပို့ဆောင်၍ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေဖြင့် တအာင်းပြည်အတွင်း မူးယစ်ဆေးဝါးကင်းစင်ရေးနှင့် တရားဥပဒေစိုးမိုးရေး မြှင့်တင်နိုင်ရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ (၂၉) ရက်နေ့တွင်လည်း မိုင်းလုံမြို့နယ်၌ မူးယစ်ဆေးဝါးသုံးစွဲမှုမှ ကင်းဝေးပြီး လူမှုဘဝသို့ ပြန်လည်ဝင်ရောက်နိုင်စေရေးကို ရည်ရွယ်၍ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့၏ အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေးအစီအစဉ် ပြီးမြောက်ခဲ့သည့် မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၅) ဦးအား မိသားစုထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ