2011

နမ့်ခမ်းမြို့တွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရပ်ကွက်လမ်းများ ပြုပြင်မွမ်းမံ

ဒေသတွင်းသတင်း / ဒေသတွင်း
17 July 2026

နမ့်ခမ်းမြို့တွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရပ်ကွက်လမ်းများ ပြုပြင်မွမ်းမံ

နမ့်ခမ်း၊ ဇူလိုင် ၁၇ ရက်
တအာင်းပြည်သတင်း
 
တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြို့တွင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရေးနှင့် ပြည်သူများ၏ နေ့စဉ်သွားလာရေး အဆင်ပြေချောမွေ့စေရေးကို ရည်ရွယ်၍ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရပ်ကွက်အတွင်းရှိ လမ်းများ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။


အဆိုပါလုပ်ငန်းများအနက် ပြီးခဲ့သည့် ဇူလိုင်လ (၂) ရက်နေ့တွင် အောင်မေတ္တာရပ်ကွက်ရှိ လမ်းများနှင့် ဦးအောင်မြတ်လမ်းတို့ကို ပြည်သူများ သွားလာရေးပိုမိုအဆင်ပြေစေရန် ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပြုပြင်ခဲ့သည်။ ထို့ပြင် မြို့တွင်း အဓိကလမ်းမကြီးတစ်လျှောက်ရှိ ပျက်စီးယိုယွင်းနေသော လမ်းပိုင်းများကိုလည်း ပြန်လည်ပြုပြင်ခြင်းနှင့် ကတ္တရာလမ်းဖာခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။


ထို့အပြင် မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများကြောင့် ပျက်စီးယိုယွင်းခဲ့သည့် နမ့်ခမ်းခရိုင်အတွင်းရှိ ကားလမ်းများကိုလည်း ပြည်သူများ သွားလာရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး အဆင်ပြေချောမွေ့စေရန် ပြန်လည်ပြုပြင်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။


အလားတူ မြို့နယ်စည်ပင်သာယာရေးအဖွဲ့သည် ပြီးခဲ့သည့် ဧပြီလမှ မေလအထိ မြို့တွင်းရှိ စာရေးတန်းရပ်ကွက်နှင့် မန်နားရပ်ကွက်တို့တွင် လမ်း (၂) လမ်း ဖောက်လုပ်ပြုပြင်ခြင်း၊ တံတား (၂) စင်း တည်ဆောက်ပြုပြင်ခြင်းနှင့် ရေမြောင်းများ တူးဖော်ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပြည်သူများ၏ လူနေမှုဘဝနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေများ ပိုမိုကောင်းမွန်လာစေရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်နိုင်ရေးအတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။


Website Official
www.taangland.org

Telegram Official Channel
https://t.me/pslftnlanews

Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV

YouTube Official
https://www.youtube.com/@pslftnlanews

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ခမ်းမြို့တွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရပ်ကွက်လမ်းများ ပြုပြင်မွမ်းမံ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်