မိုင်းလုံနှင့် မိုင်းဘော်မြို့နယ်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်သူလူထုများကို တွေ့ဆုံဆွေးနွေးပွဲ ဆက်လက်ကျင်းပ
နမ့်ဆန်၊ ဇူလိုင် ၁၁ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ မိုင်းလုံနှင့် မိုင်းဘော်မြို့နယ်တို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်သူလူထုများ တွေ့ဆုံဆွေးနွေးပွဲ ဆက်လက်ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများသော်လည်းကောင်း ဤပြဿာနာသည် တအာင်းပြည်အတွင်း လူသားအရင်းအမြစ်များကို ပျက်စီးစေရုံသာမက အမျိုးသားလုံခြုံရေးကိုပါ ခြိမ်းခြောက်နေသည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အရှိန်အဟုန်မြှင့် တိုက်ဖျက်သွားရမည်ဖြစ်ကြောင်းနှင့် ခေတ်မီဆန်းသစ်လာသည့် စိတ်ပြောင်းဆေးဝါးများ ဝင်ရောက်မှုကို တားဆီးနိုင်ရေး နယ်စပ်ဂိတ်များနှင့် လမ်းကြောင်းများကို ပူးပေါင်းပိတ်ဆို့ ရှာဖွေစစ်ဆေးမှုနှင့် ဥပဒေများကို ဆွေးနွေးခဲ့ပါသည်။

အဆိုပါ ဆွေးနွေးနှင့်ပတ်သက်၍ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီမှ ဗိုလ်မှူး တားလှကျော်၊ နမ့်ဆန်ခရိုင်မှူး ဗိုလ်မှူးတား ဆမဲင်ကုင်မှ ဦးဆောင်၍ မိုင်းလုံမြို့အတွင်းနှင့် မင်းကုန်းကျေးရွာအုပ်စုတွင် ယခုရက်တစ်ပတ်၌ ပြည်သူလူထုများကို တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။

အလားတူ မန်တုံခရိုင်၊ မိုင်းဘော်မြို့နယ်၊ နမ့်ဟိုင်းနှင့် လွယ်မွန်းကျေးရွာလည်း ပြီးခဲ့သည့် ဇွန်လ (၃၀) ရက်နေ့သော်လည်းကောင်း၊ ဇူလိုင်လ (၂) ရက်နေ့လည်းကောင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီမှ တပ်မဟာ (၂) ဒုဗိုလ်မှူးကြီး တားခြိူဝ်းမျိုး၊ မန်တုံခရိုင်မှူး ဗိုလ်မှူး တားဂူ;ရဲင်နှင့် ခရိုင်ရဲမှူး ဗိုလ်မှူး တားဒိုင်းဇီတို့မှ ကွင်းဆင်းပြီး မူးယစ်ဆေးဝါး၏ ဆိုးကျိုးများနှင့် ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား လက်ဝယ်ထားရှိခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ထားသော အပင်များစိုက်ပျိုးခြင်း၊ ဥပဒေနှင့် ဆန့်ကျင်သော လုပ်ရပ်များအပေါ် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့် အရေးယူဆောင်ရွက်မှုများကို ပြည်သူလူထုများထံ အသိပညာပေးမှု ပြုလုပ်ခဲ့ပါသည်။

၎င်းနောက် တက်ရောက်လာသည့် ပြည်သူလူထုများက မူးယစ်ဆေးဝါးကင်းစင်သည့် လူမှုအသိုက်အဝန်း ဖော်ဆောင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက် နိုင်မည့်အကြံပြုချက်များကိုလည်း တက်ကြွစွာ တင်ပြ ဆွေးနွေးခဲ့ကြပြီး စုစုပေါင်း လူဦးရေ (၄၃၀) ဦး တက်ရောက်ခဲ့ကြသည်။
PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီသည် တအာင်းပြည်အတွင်းရှိ မြို့နှင့် ကျေးရွာအုပ်စုတစ်ချို့တွင် ပြည်သူလူထုများထံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အသိပညားပေးမှု ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ လက်ရှိအချိန်လည်း ကော်မတီအနေဖြင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အသိပညားပေးရန် ကျန်ရှိသော မြို့နှင့် ကျေးရွာအုပ်စုများကိုလည်း ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ