မန်တုံမြို့နယ်တွင် တစ်ပတ်အတွင်း မြိုနယ်ရဲတပ်ဖွဲမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းဆောင်ရွက်နေစဥ် မူးယစ်ဆေးဝါးသုံးစွဲသူ (၉)ဦး ဖမ်းဆီးရမိ
မန်တုံ၊ ဇူလိုင် ၁၀ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ မန်တုံခရိုင်၊ မန်တုံမြို့နယ်တွင် ဇူလိုင်လ ပထမပတ်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသမီး (၁) ဦးအပါအဝင် စုစုပေါင်း (၉) ဦးကို ဖမ်းဆီးရမိခဲ့သည်။

မြို့နယ်ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင်လ (၁) ရက်နေ့တွင် မြို့အဝင်၊ မြို့အထွက် စစ်ဆေးရေးဂိတ်၌ ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်စဉ် အသက် (၅၄) နှစ်အရွယ် ဦးအဂျား၊ အသက် (၃၄) နှစ်အရွယ် ဦးအစိုင်း၊ အသက် (၃၇) နှစ်အရွယ် ဦးအောင်သန်း၊ အသက် (၃၅) နှစ်အရွယ် ဦးလှကျော်၊ အသက် (၂၉) နှစ်အရွယ် မောင်ကျော်စိုင်း၊ အသက် (၄၃) နှစ်အရွယ် ဦးသန်းထွန်း၊ အသက် (၆၅) နှစ်အရွယ် ဦးပေါက်လာနှင့် အသက် (၃၈) နှစ်အရွယ် ဒေါ်ခမ်းယဉ်တို့ကို မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း တွေ့ရှိရသဖြင့် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးခဲ့သည်။
ထို့အပြင် ဇူလိုင်လ (၇) ရက်နေ့တွင်လည်း မြို့နယ်ရဲတပ်ဖွဲ့မှ စေကော်ကျေးရွာအတွင်း ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်စဉ် အသက် (၄၁) နှစ်အရွယ် ဦးအောင်ဆိုင်ထံမှ သုံးစွဲထားသည့် ဘိန်းဖြူအနည်းငယ်ကို သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးသုံးစွဲသူ (၉) ဦးကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဉီး PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေးနှင့် အသိပညာပေးအစီအစဉ်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
အလားတူ ပြီးခဲ့သည့် ဇူလိုင်လ (၆) ရက်နေ့လည်း နမ့်ခမ်းမြို့နယ်၊ မန်အောင်ကျေးရွာတွင် လူငယ်အဖွဲ့မှ မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၄) ဦးကို ဖမ်းဆီးရမိခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံခဲ့သည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ