1954

နမ့်ခမ်းမြို့တွင် သစ်ပင်၊ ပန်းပင်များစိုက်ပျိုးမည်ဆိုပါက လာရောက်ထုတ်ယူစိုက်ပျိုးနိုင်

ဒေသတွင်းသတင်း / ဒေသတွင်း
22 June 2026

နမ့်ခမ်းမြို့တွင် သစ်ပင်၊ ပန်းပင်များစိုက်ပျိုးမည်ဆိုပါက လာရောက်ထုတ်ယူစိုက်ပျိုးနိုင်

နမ့်ဆန်၊ ဇွန်လ ၂၂ရက်

တအာင်းပြည်သတင်း

တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြို့ အောင်ချမ်းသာရပ်ကွက်ရှိ မန့်နားသစ်တောပျိုးဥယျာဉ်အတွင်း သစ်ပင်၊ ပန်းပင်များစိုက်ပျိုးမည်ဆိုပါက မိဘပြည်သူလူထုများအနေဖြင့် လာရောက်ထုတ်ယူစိုက်ပျိုးနိုင်ကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။





၎င်းပျိုးပင်များသည်  ရေသင်းဝင်၊ မယ်ဇလီ၊ ပိတောက်၊ ကျွန်း၊ မန်ဂျန်ရှား၊ ယူကလစ်၊ ခရေ၊ သစ်လှ၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ချယ်ရီ၊ သပြေဘူတ၊ တပေါင်းပန်း၊ ထိုင်ဝမ်ဗန်ဒါနှင့် ကံ့ကော် စသည့် ပျိုးပင်များ လာရောက်ထုတ်ယူစိုက်ပျိုးနိုင်ပါသည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ မြေယာနှင့်သစ်တောထိန်းသိမ်း ကာကွယ်ရေးဌာနမှ ပြည်သူလူထုမျာက သစ်ပင်၊ ပန်းပင်များ အခမဲ့ စိုက်ပျိုးနိုင်ရန်အတွက် ရည်ရွယ်၍ ပျိုးထောင်ထားခြင်းဖြစ်ပါသည်။

တအာင်းပြည်အတွင်းရှိ နမ့်ခမ်း၊ နမ္မတူ၊ မန်တုံနှင့် နမ့်ဆန်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိဘပြည်သူလူထုများမှ စုပေါင်း၍ သစ်ပင်၊ ပန်းပင်များ စုစုပေါင်း (၃၀၀၀၀) ကျော် စိုက်ပျိုးခဲ့ပါသည်။


Website Official
www.taangland.org

Telegram Official Channel
https://t.me/pslftnlanews

Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV

YouTube Official
https://www.youtube.com/@pslftnlanews

Facebook Official  - Ta’ang Land News-Burmese Version
https://www.facebook.com/profile.php?id=61587414122969


#PSLF/TNLA
#သတငးနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ခမ်းမြို့တွင် သစ်ပင်၊ ပန်းပင်များစိုက်ပျိုးမည်ဆိုပါက လာရောက်ထုတ်ယူစိုက်ပျိုးနိုင်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်