1948

မိုင်းလုံမြို့တွင် မီးဘေးနှင့် သဘာဝဘေးတုံ့ပြန်နိုင်စွမ်း မြှင့်တင်ရေးအတွက် အရံမီးသတ်သင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲကျင်းပ

ဒေသတွင်းသတင်း / ဒေသတွင်း
18 June 2026

မိုင်းလုံမြို့တွင် မီးဘေးနှင့် သဘာဝဘေးတုံ့ပြန်နိုင်စွမ်း မြှင့်တင်ရေးအတွက် အရံမီးသတ်သင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲကျင်းပ

မိုင်းလုံ၊ ဇွန်လ ၁၈ ရက်
တအာင်းပြည်သတင်း
 
တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ မိုင်းလုံမြို့တွင် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအခြေအနေများ ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အရံမီးသတ်သင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ (၁၆) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။





အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဉီး PSLF/TNLA မီးသတ်တပ်ဖွဲ့ ဦးဆောင်သူ ဒုဗိုလ်မှူးကြီး တားတံင်ရိူန်း၊ မိုင်းလုံမြို့ မြို့နယ်မှူး ဗိုလ်နောဂါင်၊ ရပ်မိရပ်ဖများ၊ သင်တန်းဆရာများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသားများ အပါအဝင် စုစုပေါင်း လူဦးရေ (၄၀) ကျော် တက်ရောက်ခဲ့ကြသည်။




 
အဆိုပါသင်တန်းကို (၁၇) ရက်ကြာ ဖွင့်လှစ်ခဲ့ပြီး အရံမီးသတ်တပ်ဖွဲ့ဝင် (၁၅) ဦး တက်ရောက်ခဲ့ကြသည်။ သင်တန်းကာလအတွင်း လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချနိုင်မည့် မီးဘေးကာကွယ်ရေးနှင့် ကယ်ဆယ်ရေးဆိုင်ရာ ဘာသာရပ်များကို စနစ်တကျ သင်ကြားပို့ချပေးခဲ့သည်။
 
သင်ကြားပို့ချပေးခဲ့သည့် ဘာသာရပ်များတွင် မီးသတ်ဆေးဗူးများ အသုံးပြု၍ မီးငြိမ်းသတ်နည်းများ၊ အဆင့်မြင့် မီးသတ်ရေပိုက်လိုင်းများ အသုံးပြုခြင်း၊ မီးငြိမ်းသတ်ရေး ဗျူဟာများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရှေးဦးသူနာပြုစုနည်း အတတ်ပညာများ ပါဝင်ပြီး လက်တွေ့သရုပ်ပြ လေ့ကျင့်မှုများကိုလည်း ဆောင်ရွက်ခဲ့ကြသည်။
 




အခမ်းအနားတွင် PSLF/TNLA မီးသတ်တပ်ဖွဲ့ ဦးဆောင်သူ ဒုဗိုလ်မှူးကြီး တားတံင်ရိူန်းက သင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့သည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသားများအနေဖြင့် သင်ကြားတတ်မြောက်ခဲ့သည့် ပညာရပ်များကို လက်တွေ့နယ်ပယ်များတွင် ပြန်လည်အသုံးချကာ မီးဘေးအန္တရာယ် ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ထိရောက်စွာ ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းအမှာစကား ပြောကြားခဲ့သည်။





 
ထို့နောက် သင်တန်းကာလအတွင်း  စည်းစနစ်ကျမှု၊ စိတ်အားထက်သန်မှု၊ လေ့ကျင့်ရေးစွမ်းဆောင်ရည်နှင့် ပူးပေါင်းဆောင်ရွက်မှု တို့တွင် ထူးချွန်ခဲ့ကြသည့် သင်တန်းသားများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
 
အဆိုပါ အရံမီးသတ်သင်တန်းသည် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို မီးဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် အထောက်အကူပြုမည်ဖြစ်သည်။ မိဘပြည်သူများအနေဖြင့် မီးဘေးနှင့် သဘာဝဘေးအန္တရာယ်များ အရေးပေါ်အခြေအနေများ ဖြစ်ပွားပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ အမြန်ဆုံး သတင်းပေးပို့ကြရန် တိုက်တွန်းအပ်ပါသည်။

Website Official
www.taangland.org

Telegram Official Channel
https://t.me/pslftnlanews

Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV

YouTube Official
https://www.youtube.com/@pslftnlanews

Facebook Official  - Ta’ang Land News-Burmese Version
https://www.facebook.com/profile.php?id=61587414122969


#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုင်းလုံမြို့တွင် မီးဘေးနှင့် သဘာဝဘေးတုံ့ပြန်နိုင်စွမ်း မြှင့်တင်ရေးအတွက် အရံမီးသတ်သင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲကျင်းပ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်