1941

ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စေရေးအတွက် ကျေးရွာအုပ်စုစာရေးနှင့် ရပ်ကွက်စာရေး အပတ်စဉ် (၉) သင်တန်း ကျင်းပပြီးစီး

ဒေသတွင်းသတင်း / ဒေသတွင်း
16 June 2026

ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စေရေးအတွက် ကျေးရွာအုပ်စုစာရေးနှင့် ရပ်ကွက်စာရေး အပတ်စဉ် (၉) သင်တန်း ကျင်းပပြီးစီး


နမ့်ဆန်၊ ဇွန်လ ၁၆ ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့နယ်တွင် အုပ်ချုပ်ရေးလုပ်ငန်းများကို စနစ်တကျနှင့် ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အုပ်ချုပ်ရေးဌာနမှ ဉီးဆောင်ဖွင့်လှစ်ခဲ့သည့် ကျေးရွာအုပ်စုစာရေးနှင့် ရပ်ကွက်စာရေး အပတ်စဉ် (၉) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ (၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ ဗိုလ်မှူး တားပ္လါင်ႎါႈ တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပြီး သင်တန်းနှင့်သက်ဆိုင်သည့် လေ့ကျင့်သင်ကြားမှု အခြေအနေများနှင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များကို သင်တန်းတာဝန်ခံ ဗိုလ်အုန်းကျော်က ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးပိုင်က သင်တန်းသား၊ သင်တန်းသူများကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 

အဆိုပါ သင်တန်းကို ၂၀၂၆ ခုနှစ် မေလ (၁၇) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား (၂၂) ဦးနှင့် သင်တန်းသူ (၁၁) ဦး စုစုပေါင်း (၃၃) ဦး တက်ရောက်သင်ကြားခဲ့ကြသည်။

 

သင်တန်းကာလအတွင်း ရုံးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုနှင့် စာရွက်စာတမ်းရေးသားခြင်း၊ ရပ်ကျေးလက်စွဲစာရေးလုပ်ငန်းများ၊ အခြေခံနိုင်ငံရေးဆိုင်ရာ ဘာသာရပ်များဖြစ်သည့် ဒီမိုကရေစီစနစ်၊ ဖက်ဒရယ်စနစ်နှင့် ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ အခြေခံအသိပညာများကို စနစ်တကျ သင်ကြားပို့ချပေးခဲ့သည်။

 

ထို့ပြင် အခမ်းအနားသို့ ဗိုလ်မှူး တားပ္လါင်ႎါႈ၊ နမ့်ဆန်မြို့နယ်မှူး ဗိုလ်နောင်ချိုနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသူ၊ သင်တန်းသားများ အပါအဝင် စုစုပေါင်း လူဦးရေ (၆၀) ဦး တက်ရောက်ခဲ့ကြသည်။

 

အဆိုပါ သင်တန်းဖွင့်လှစ်ရခြင်းမှာ ချမှတ်ထားသည့် မူဝါဒများနှင့် လုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်၊ အုပ်ချုပ်ရေးယန္တရားကို ပိုမိုစနစ်ကျစွာ လည်ပတ်နိုင်စေရန်နှင့် အုပ်ချုပ်ရေးတာဝန်ထမ်းဆောင်သူများအနေဖြင့် မိမိတို့၏ ရာထူး၊ လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ နားလည်သဘောပေါက်ပြီး ပြည်သူလူထုအတွက် စွမ်းဆောင်ရည်ပြည့်ဝစွာ တာဝန်ထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


Facebook Official  - Ta’ang Land News-Burmese Version

https://www.facebook.com/profile.php?id=61587414122969


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စေရေးအတွက် ကျေးရွာအုပ်စုစာရေးနှင့် ရပ်ကွက်စာရေး အပတ်စဉ် (၉) သင်တန်း ကျင်းပပြီးစီး
Tags: တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်