1938

ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်သူ အမျိုးသား (၂) ဦးကို တအာင်းပြည် ရဲတပ်ဖွဲ့ ဖမ်းဆီးအရေးယူ

ဒေသတွင်းသတင်း / ဒေသတွင်း
15 June 2026

ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်သူ အမျိုးသား (၂) ဦးကို တအာင်းပြည် ရဲတပ်ဖွဲ့ ဖမ်းဆီးအရေးယူ

နမ့်ဆန်၊ ဇွန်လ ၁၅ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ နမ့်ဆန်မြို့နှင့် နမ့်ခမ်းမြို့တို့တွင် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်ခဲ့သည့် အမျိုးသား (၂) ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပါသည်။

နမ့်ဆန်မြို့တွင် ပြီးခဲ့သည့် မေလ (၂၈) ရက်နေ့က အသက် (၃၇) နှစ်အရွယ် အမျိုးသားတစ်ဦးသည် မိဘအုပ်ထိန်းသူများ အလုပ်သွားရောက်နေစဉ် အသက် (၇) နှစ်အရွယ် ကလေးငယ်တစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်ခဲ့သည်။

ထို့နောက် ကလေးငယ်မှာ ကျန်းမာရေးအခြေအနေ မမှန်သဖြင့် မိသားစုဝင်များက ဆေးရုံသို့ ပို့ဆောင်စစ်ဆေးရာမှ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

အလားတူ နမ့်ခမ်းမြို့တွင်လည်း မေလ (၂၃) ရက်နေ့က အသက် (၁၆) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအပေါ် အသက် (၁၈) နှစ်အရွယ် အမျိုးသားတစ်ဦးက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်ခဲ့သည်။

အဆိုပါဖြစ်စဉ်ကို မိသားစုဝင်များက တွေ့ရှိခဲ့ပြီးနောက် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့ထံ သွားရောက်တိုင်ကြားခဲ့ရာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ကာ ကျူးလွန်သူအား ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ထို့နောက် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က အဆိုပါ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်သူ အမျိုးသား (၂) ဦးအား ဖမ်းဆီးထိန်းသိမ်းထားပြီး တရားဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

အလားတူ ပြီးခဲ့သည့် မေလ (၉) ရက်နေ့တွင်လည်း နမ့်ဆန်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ကလေးသူငယ်တစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်ခဲ့သည့် အမျိုးသားတစ်ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခဲ့သည်။

ထို့ကြောင့် ကလေးသူငယ်များအပေါ် အကြမ်းဖမ်းမှုများကို တားဆီးနိုင်ရန် မိဘပြည်သူများအားလုံး၏ ပူးပေါင်းပါဝင်မှု အရေးကြီးသောကြောင့် သံသယဖြစ်ဖွယ် အခြေအနေများ တွေ့ရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ အမြန်ဆုံး သတင်းပေးပို့တိုင်ကြားကြရန် တိုက်တွန်းအပ်ပါသည်။

Website Official
www.taangland.org

Telegram Official Channel
https://t.me/pslftnlanews

Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV

YouTube Official
https://www.youtube.com/@pslftnlanews

Facebook Official  - Ta’ang Land News-Burmese Version
https://www.facebook.com/profile.php?id=61587414122969

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်သူ အမျိုးသား (၂) ဦးကို တအာင်းပြည် ရဲတပ်ဖွဲ့ ဖမ်းဆီးအရေးယူ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်