နမ့်စန်ကျေးရွာတွင် အမျိုးသားတစ်ဦးသည် တူမီးသေနတ်ဖြင့် မိမိကိုယ့်ကို အဆုံးစီရင်မှုဖြစ်ပွား
မိုင်းဝီး၊ ဇွန် ၉ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ မိုင်းဝီးမြို့နယ်၊ နမ့်စန်ကျေးရွာတွင် နေထိုင်သည့်အမျိုးသားတစ်ဦးသည် တူမီးသေနတ်ဖြင့် မိမိကိုယ့်ကို အဆုံးစီရင်မှုဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်တွင် ပြီးခဲ့သည့် ဇွန်လ (၅)ရက်နေ့ ည (၉:၃၀)နာရီအချိန်တွင် အသက် (၆၁)နှစ်အရွယ် ဦးယိုင်ခိုသည် နေအိမ်အတွင်း၌ ရှိထားသည့် တူမီးသေနတ်ကို ယူ၍ ၎င်း၏ ဦးခေါင်းကို ပစ်ပြီး သေဆုံးသွားခဲ့ပါသည်။
အဆိုပါအခင်းဖြစ်ပွားနေချိန် ၎င်းတို့၏ မိသားစုဝင်များသည် နေအိမ်အပေါ်တွင် ရှိနေထားပြီး ဦးယိုင်ခိုမှ နေအိမ်အောက်ထပ်တွင် မိမိကိုယ့်ကို အဆုံးစီရင်သွားခဲ့ခြင်းဖြစ်ပါသည်။ ၎င်းအခင်းဖြစ်ပွားခဲ့ပြီးနောက်တွင် မိသားစုများမှ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ပါသည်။
ထို့နောက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ အခင်းဖြစ်ပွားခဲ့သောနေရာကို သွားရောက်စစ်ဆေးမှုပြုလုပ်ခဲ့ပြီး ၎င်းတူမီးသေနတ်ကိုလည်း သိမ်းဆည်းသွားခဲ့ပါသည်။ မိမိကိုယ့်ကို အဆုံးစီရင်သွားခဲ့သည့် ဦးယိုင်ခိုသည် စိတ်ပိုင်ဆိုင်ရာချို့ယွင်းသူတစ်ဦးလည်း ဖြစ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ