1914

တအာင်းပြည်တွင် တစ်ပတ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၂)ဦးနှင့် သုံးစွဲသူ (၈)ဦးတို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
04 June 2026

တအာင်းပြည်တွင် တစ်ပတ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၂)ဦးနှင့် သုံးစွဲသူ (၈)ဦးတို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ


နမ့်ဆန်၊ ဇွန်လ ၄ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ နမ့်ဆန်၊ မိုင်းလုံနှင့် ကျောက်မဲမြို့နယ်တို့တွင် မေလနောက်ဆုံးပတ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၂)ဦးနှင့် သုံးစွဲသူ (၈)ဦးတို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။


နမ့်ဆန်မြို့နယ်တွင် ပြီးခဲ့သည့် မေလနောက်ဆုံးပတ်အတွင်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ  ကျေးရွာများတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ် မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၄၃)နှစ်အရွယ် ဦးဇော်လွင်၊ အသက် (၅၄)နှစ်အရွယ် ဦးသန်းဖေ၊ အသက် (၅၄)နှစ်အရွယ် ဦးနေထွန်း၊ အသက် (၃၆)နှစ်အရွယ် ဦးမောင်သန်း၊ အသက် (၂၀)နှစ်အရွယ် ကိုဟိန်းမင်းနှင့်  မူးယစ်ဆေးဝါးရောင်းဝယ်သူ အသက် (၅၄)နှစ်အရွယ် ဦးနိုင်မင်းတို့ထံ ၀.၃ ဂရမ်ရှိသည့် ဘိန်းဖြူနှင့် စိတ်ကြွဆေးပြား (၁၃)ပြားတို့ကို သိမ်းဆည်းရမိခဲ့သည်။


အလားတူ မိုင်းလုံမြို့နယ်၊ ပန်‌ခေါကျေးရွာတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသည့် သတင်းရရှိသောကြောင့် မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးရာတွင် မူးယစ်ဆေးဝါး‌ရောင်းဝယ်သူ အသက် (၄၉)နှစ်အရွယ် ဦးအိုက်သန်းထံ ယာမစိတ်ကြွဆေးပြား (၁၁)ထုပ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ထို့နောက် မူးယစ်ဆေးဝါးသုံးစွဲသူ  အသက် (၂၀)နှစ်အရွယ် ကိုစိုင်းကျော်ဇာနှင့် အသက် (၂၀)နှစ်အရွယ် ကိုအိုက်စိုင်းတို့ကို မြို့နယ်ရဲတပ်ဖွဲ့မှ ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။ 


ထို့အပြင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် မေလ (၃၁)ရက်နေ့လည်း ကျောက်မဲမြို့နယ်၊ ဟူးကွတ်ကျေးရွာတွင် ရှောင်တခင်စစ်ဆေးမှုဆောင်ရွက်နေချိန် မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၂၆)နှစ်အရွယ် ဦးအောင်မြတ်ကို ဖမ်းဆီးရမိခဲ့သည်။


အဆိုပါ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သုံးစွဲသူများကိုလည်း အကျင့်စာရိတ္တပြုပြင်ပေးသွားမည်ဖြစ်သည်။


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းကို လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ထိုပြင် မူးယစ်ဆေးဝါးအသုံးပြုမှုနှင့် ရောင်းဝယ်ဖြန့်ဖြူးမှုများ ပပျောက်စေရန်၊ လူငယ်များ၏ အနာဂတ်ကို ကာကွယ်ထိန်းသိမ်းနိုင်ရန်နှင့် တရားဥပဒေစိုးမိုးရေး၊ လူမှုဘဝလုံခြုံတည်ငြိမ်ရေးတိုကို မြှင့်တင်နိုင်ရန် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်တွင် တစ်ပတ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၂)ဦးနှင့် သုံးစွဲသူ (၈)ဦးတို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်