1902

နမ့်ခမ်းမြို့နယ်၊ ကောင်တပ်ကျေးရွာအနီးတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွား၊ ဖြစ်စဉ်အသေးစိတ် စုံစမ်းစစ်ဆေးလျက်ရှိ

ဒေသတွင်းသတင်း / ဒေသတွင်း
31 May 2026

နမ့်ခမ်းမြို့နယ်၊ ကောင်တပ်ကျေးရွာအနီးတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွား၊ ဖြစ်စဉ်အသေးစိတ် စုံစမ်းစစ်ဆေးလျက်ရှိ
 
နမ့်ခမ်း၊ မေလ ၃၁ ရက်
တအာင်းပြည်သတင်း
 
တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ကောင်တပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။
 
လက်ရှိအချိန်တွင် အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ ပေါက်ကွဲရသည့် အကြောင်းအရင်း၊ ထိခိုက်ပျက်စီးမှုအခြေအနေနှင့် အခြားဆက်စပ်အချက်အလက်များကို သက်ဆိုင်ရာတာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးလျက်ရှိပြီး အသေးစိတ်အချက်အလက်များကို ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။
 
ထို့ကြောင့် မိဘပြည်သူလူထုများအနေဖြင့် ဖြစ်စဉ်နှင့်ပတ်သက်၍ မလိုအပ်ဘဲ စိုးရိမ်ထိတ်လန့်မှုများ မဖြစ်ပေါ်ကြရန်နှင့် လူမှုကွန်ရက်ပေါ်ရှိ အတည်မပြုနိုင်သေးသော သတင်းအချက်အလက်များကို မျှဝေခြင်း မပြုကြဘဲ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ တရားဝင်ထုတ်ပြန်ချက်များကိုသာ စောင့်ကြည့်ကြရန် အသိပေးအပ်ပါသည်။
 
ဖြစ်စဉ်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို စုံစမ်းစစ်ဆေးမှုများ ပြီးစီးပါက ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။
 
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ခမ်းမြို့နယ်၊ ကောင်တပ်ကျေးရွာအနီးတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွား၊ ဖြစ်စဉ်အသေးစိတ် စုံစမ်းစစ်ဆေးလျက်ရှိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်