1900

နမ္မတူမြို့နယ်တွင် PSLF/TNLA နှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ သစ်ပင်၊ ပန်းပင် (၁၂၀၀၀) ကျော် စိုက်ပျိုးပြီးစီး

ဒေသတွင်းသတင်း / ဒေသတွင်း
29 May 2026

နမ္မတူမြို့နယ်တွင် PSLF/TNLA နှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ သစ်ပင်၊ ပန်းပင် (၁၂၀၀၀) ကျော် စိုက်ပျိုးပြီးစီး


နမ္မတူ၊ မေလ ၂၉ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ မန်တုံခရိုင်၊ နမ္မတူမြို့နယ်ရှိ ခိုဖိတ်ကျေးရွာ၊ မိုင်းဆင်ကျေးရွာနှင့် ဘော်တွင်းကျေးရွာများအကြား လမ်းပိုင်းတစ်လျှောက်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ ဌာနဆိုင်ရာများနှင့် ဒေသခံမိဘပြည်သူလူထုများ ပူးပေါင်း၍ မေလ (၂၅) ရက်နေ့မှ (၂၇) ရက်နေ့အထိ သစ်ပင်နှင့် ပန်းပင်ပေါင်း (၁၂၀၀၀) ကျော်ကို စိုက်ပျိုးခဲ့ကြသည်။



အဆိုပါ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးလုပ်ငန်းစဉ်အတွင်း စိန်ပန်းပင်၊ ချယ်ရီပင်၊ ကုက္ကိုလ်ပင်နှင့် ပန်းတောက်ပင်များကို အဓိက စိုက်ပျိုးခဲ့ကြပြီး ဒေသတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လမ်းဘေးရှုခင်းများ ပိုမိုလှပစေရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို စိမ်းလန်းစိုပြေစွာ ထိန်းသိမ်းနိုင်ရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။



ထို့ပြင် စိုက်ပျိုးထားသည့် အပင်များအား အိမ်မွေးတိရစ္ဆာန်များ၏ ဖျက်ဆီးမှုမှ ကာကွယ်နိုင်ရန်အတွက် အပင်တစ်ပင်ချင်းစီ၏ ပတ်ပတ်လည်တွင် အကာအရံများ ပြုလုပ်ပေးထားခဲ့သည်။ ယင်းစိုက်ပျိုးရေးလုပ်ငန်းတွင် ဒေသခံမိဘပြည်သူများကလည်း တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။


ပြီးခဲ့သည့် မေလ (၁၅) ရက်နေ့တွင်လည်း နမ့်ဆန်မြို့နယ်ရှိ သမိုင်းဝင်တောင်ရိုးဘုရားစေတီကုန်းပေါ်၌ PSLF/TNLA ၏ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ သစ်ပင်နှင့် ပန်းပင်ပေါင်း (၁၀၀၀) ကျော်ကို စိုက်ပျိုးခဲ့ကြသည်။


ယခုကဲ့သို့ သစ်ပင်နှင့် ပန်းပင်များ စိုက်ပျိုးခြင်းသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရာသီဥတုမျှတရေးနှင့် စိမ်းလန်းစိုပြေသော လူနေမှုပတ်ဝန်းကျင်တစ်ရပ် ဖော်ဆောင်နိုင်ရေးအတွက် အထောက်အကူပြုမည်ဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့်လည်း စိုက်ပျိုးထားသည့် အပင်များကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးကြရန် တိုက်တွန်းအပ်ပါသည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


Facebook Official  - Ta’ang Land News-Burmese Version

https://www.facebook.com/profile.php?id=61587414122969

 


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ္မတူမြို့နယ်တွင် PSLF/TNLA နှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ သစ်ပင်၊ ပန်းပင် (၁၂၀၀၀) ကျော် စိုက်ပျိုးပြီးစီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်