1874

နမ့်ဆန်မြို့နယ်တွင် သက်ငယ်တစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်သူ အမျိုးသားတစ်ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီး

ဒေသတွင်းသတင်း / ဒေသတွင်း
16 May 2026

နမ့်ဆန်မြို့နယ်တွင် သက်ငယ်တစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်သူ အမျိုးသားတစ်ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီး


နမ့်ဆန်၊ မေလ ၁၆ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော သက်ငယ်တစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူ အမျိုးသားတစ်ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားပါသည်။


ဖြစ်စဉ်အရ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း အသက် (၁၇) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား အိမ်နီးချင်းဖြစ်သူ ဦးထွန်းလိုဆိုသူက အတင်းအဓမ္မ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်ခဲ့ကြောင်း ၎င်းအမျိုးသမီးငယ်၏ မိသားစုထံမှသိရသည်။


အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အမျိုးသမီးငယ်၏ မိသားစုဝင်များက ၂၀၂၆ ခုနှစ်၊ မေလ (၉) ရက်နေ့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့ထံ သွားရောက်အမှုဖွင့် တိုင်ကြားခဲ့သည်။


ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ အဆိုပါအမျိုးသားကို သွားရောက် ဖမ်းဆီးထိန်းသိမ်းထားကာ တရားဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။


ထို့ကြောင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများကို တားဆီးနိုင်ရန် မိဘပြည်သူများအားလုံး၏ ပူးပေါင်းပါဝင်မှု အရေးကြီးသောကြောင့် သံသယဖြစ်ဖွယ် အခြေအနေများ တွေ့ရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ ချက်ချင်း အသိပေးတိုင်ကြားကြပါရန် တိုက်တွန်းအပ်ပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ဆန်မြို့နယ်တွင် သက်ငယ်တစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်သူ အမျိုးသားတစ်ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်