1865

နမ္မတူမြို့တွင် မြေတင်ကားတစ်စီး ဘရိတ်ပေါက်မှုကြောင့် နေအိမ်တစ်အိမ်ကို ဝင်တိုက်မိရာမှ အမျိုးသား (၁)ဦးသေဆုံး၊ (၅)ဦးဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
10 May 2026

နမ္မတူမြို့တွင် မြေတင်ကားတစ်စီး ဘရိတ်ပေါက်မှုကြောင့် နေအိမ်တစ်အိမ်ကို ဝင်တိုက်မိရာမှ အမျိုးသား (၁)ဦးသေဆုံး၊ (၅)ဦးဒဏ်ရာရ


နမ္မတူ၊ မေ ၁၀ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ မန်တုံခရိုင်၊ နမ္မတူမြို့၊ မြို့မစျေးအနီးတွင် မြေတင်ကားတစ်စီး ဘရိတ်ပေါက်မှုကြောင့် နေအိမ်တစ်အိမ်ကို ဝင်တိုက်မိရာမှ အမျိုးသား (၁)ဦးသေဆုံးသွားခဲ့ပြီး (၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။


ဖြစ်စဉ်တွင် ယမန်နေ့ မွန်းလွဲ (၂း၃၀)နာရီအချိန်၌ အသက် (၂၂)နှစ်အရွယ် မိုင်းအောင်နိုင်ဦး မောင်းနှင်လာသည့် မြေတင်ကားသည် ဘရိတ်ပေါက်မှုဖြစ်သွားခဲ့ပြီး မောချယ်ရီတည်ခိုခန်းအနီးရှိ လူနေအိမ်အတွင်း ဝင်တိုက်မိသွားခဲ့ခြင်းဖြစ်ပါသည်။


အဆိုပါဝင်တိုက်မှုကြောင့်  အသက် (၆၇)နှစ်အရွယ် ဦးဂျဘားက သေဆုံးသွားခဲ့ပြီး နေအိမ်အတွင်းရှိနေသည့် အမျိုးသား (၂)ဦး၊ ယာဉ်မောင်း (၁)ဦးနှင့် ယာဥ်လိုက်ပါစီးနှင်းလာသည့် အမျိုးသား (၂)ဦးအပါအဝင် စုစုပေါင်း (၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။


ထိုအခင်းဖြစ်ပွားသည့်နေရာကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး ဒဏ်ရာရရှိသည့် သူများကိုလည်း ဆေးကုသရန် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။


ပြီးခဲ့သည့် မေလ (၅)ရက်နေ့လည်း နမ့်ခမ်းမြို့နယ်တွင် ကုန်တင်ယာဉ်နှင့် အိမ်စီးကားတိုက်မိရာမှ ယာဉ်တစ်စီး ချောက်အတွင်း ပြုတ်ကျမှုဖြစ်ပွားသွားခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြာရေးဌာန

Topics: နမ္မတူမြို့တွင် မြေတင်ကားတစ်စီး ဘရိတ်ပေါက်မှုကြောင့် နေအိမ်တစ်အိမ်ကို ဝင်တိုက်မိရာမှ အမျိုးသား (၁)ဦးသေဆုံး၊ (၅)ဦးဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်