1864

တအာင်းပညာရေးရန်ပုံငွေထီ ခေတ္တရပ်နားသွားမည်

ဒေသတွင်းသတင်း / ဒေသတွင်း
09 May 2026

တအာင်းပညာရေးရန်ပုံငွေထီ ခေတ္တရပ်နားသွားမည်


နမ့်ဆန်၊ မေ ၉ ရက် 

တအာင်းပြည်သတင်း 


တအာင်းပြည်ပညာရေးကို ရည်ရွယ်၍ ဖွင့်လှစ်နေသည့် တအာင်းပညာရေးရန်ပုံငွေထီကို လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုနှင့် ဒေသတွင်းမိဘပြည်သူလူထုများ၏ စီးပွားရေးအကြပ်အတည်းမှုကြောင့် ခေတ္တရပ်နားသွားမည်ဖြစ်ပါသည်။


အဆိုပါထီကို ၂၀၂၆ ခုနှစ် ဧပြီလ (၃၅)ကြိမ်မြောက်အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး မေလမှစ၍ ယာရီရပ်နားသွားမည်ဖြစ်ပြီး အမြန်ဆုံး ပြန်လည်ဖွင့်သွားနိုင်အောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင့် မိဘပြည်သူလူထုများကို အသိပေးအပ်ပါသည်။


တအာင်းပညာရေးရန်ပုံငွေထီသည် ၂၀၂၃ ခုနစ်၊ ဇွန်လတွင် စတင်ခဲ့ပြီး တအာင်းပြည်ပညာရေးကောင်စီ-TLECအား လစဉ်ရန်ပုံငွေရှာပေးခဲ့သည်။ တအာင်းပြည်ပညာ‌ရေးထီသည် တအာင်းပြည်အတွင်းရှိ စာသင်ကျောင်းပေါင်း ၅၀၀ ကျော်နှင့် ကျောင်းသား/သူ (၅၀၀၀၀)သောင်းကျော်အား ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။


Website Official
www.taangland.org
Telegram Official Channel
https://t.me/taangtv2023
YouTube Official
https://www.youtube.com/@pslftnlanews
Telegram Link – Ta’ang TV
https://t.me/TaangTV


#PSLF/TNLA 

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပညာရေးရန်ပုံငွေထီ ခေတ္တရပ်နားသွားမည်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်