မန်တုံမြို့တွင် PSLF/TNLA၏ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ ရပ်ကွက်အတွင်းရှိ ပျက်စီးယိုယွင်းနေသောလမ်းများ ကွန်ကရစ်လမ်းအဖြစ် ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့
မန်တုံ၊ မေ ၅ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ မန်တုံခရိုင်၊ မန်တုံမြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ မိဘပြည်သူလူထု၏ နေ့စဉ်သွားလာရေး ပိုမိုလုံခြုံချောမွေ့စေရန် ရည်ရွယ်ပြီး ရပ်ကွက်အတွင်း ပျက်စီးယိုယွင်းနေသောလမ်းများကို ကွန်ကရစ်လမ်းအဖြစ် စနစ်တကျ ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ပါသည်။
၂၀၂၆ ခုနှစ် ပြီးခဲ့သည့် မတ်လ (၃)ရက်နေ့မှ စတင်၍ ဧပြီလ (၂၈)ရက်နေ့အထိ မြို့တွင်းရှိ ရပ်ကွက်အသီးသီးတွင် ပျက်စီးယိုယွင်းနေသောလမ်းများကို ကွန်ကရစ်လမ်းအဖြစ် ခင်းပေးခြင်းနှင့် ရေမြောင်းများ ဖောက်လုပ်ပေးပြုပြင်ပေးခြင်းတို့ကို တူးဖော်ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ပြုပြင်ရေးလုပ်ငန်းများသည် မြို့မရပ်ကွက်ရှိ ချယ်ရီလမ်းနှင့် အောင်ချမ်းသာရပ်ကွက်လမ်းရှိ လမ်းများကို အောင်မြင်စွာ ပြုပြင်ဆောင်ရွက်ပြီးစီးခဲ့ပြီး မိဘပြည်သူလူထုများ၏ သွားလာရေးကိုလည်း ပိုမိုလုံခြုံချောမွေ့သွားစေရန် အထောက်အကူပြုလျက်ရှိပါသည်။
ထို့အပြင် ဧပြီလ (၂၂) ရက်နေ့လည်း မြို့မရပ်ကွက်အတွင်းရှိ လမ်းများတွင် မိုးရာသီကာလအတွင်း ရေစီးဆင်းမှု စနစ်တကျ ဖြစ်စေရန်နှင့် လမ်းပျက်စီးမှု မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ရေမြောင်းများကိုလည်း တူးဖော်ဖောက်လုပ်ပေးခဲ့သော်လည်းကောင်း လမ်းဘေးရှိ ခြုံပင်များနှင့် အမှိုက်များကိုသော်လည်းကောင်း ရှင်းလင်းဆောင်ရွက်ခဲ့သည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မန်တုံမြို့နယ်အတွင်း လက်ရှိတွင် ပြုပြင်ရန်ကျန်ရှိနေသော လမ်းများ၊ တံတားများ၊ ရေမြောင်းတူးဖော်ရေးလုပ်ငန်းများနှင့် လမ်းတိုးချဲ့ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မိဘပြည်သူလူထုများ၏ သွားလာရေးကို ချောမွေ့စေရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို မြှင့်တင်ရန် ရည်ရွယ်၍ စနစ်တကျ ဆောင်ရွက်လျက်ရှိနေပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/taangtv2023
YouTube Official
https://www.youtube.com/@pslftnlanews
Telegram Link – Ta’ang TV
https://t.me/TaangTV
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ