1841

မန်တုံနှင့် နမ့်ခမ်းမြိုနယ်တွင် ကားနှင့်ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသား (၂)ဦးနှင့် အမျိုးသမီး(၁)ဦးဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
01 May 2026

မန်တုံနှင့် နမ့်ခမ်းမြိုနယ်တွင် ကားနှင့်ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသား (၂)ဦးနှင့် အမျိုးသမီး(၁)ဦးဒဏ်ရာရ


နမ့်ဆန်၊ မေလ ၁ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊  မန်တုံနှင့် နမ့်ခမ်းမြို နယ်တွင် ကားနှင့်ဆိုင်ကယ်ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသား (၂)ဦး နှင့် အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။




မန်တုံမြိုနယ်တွင် ဧပြီလ (၃၀) ရက်နေ့ နံနက် (၁၁:၃၀) နာရီအချိန်တွင် ဟိုမိန်းကျေးရွာဘက်မှ ဆင်းလာသည့် ကုန်းတင်ကားတစ်စီးသည် မန်တုံမြိုရှိ လမ်းသုံးခွနေရာသို ရောက်ရှိစဉ် ရဲစခန်းဘက်မှ မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးနှင့် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။






အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ အသက် (၁၈) နှစ်အရွယ် မောင်ကျော်မိုးသည် နဖူးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ကယ်နောက်တွင် လိုက်ပါလာသူ အသက် (၁၈) နှစ်အရွယ် မောင်အိုက်လူလည်း ပါးဘက်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။





ထိုအပြင် နမ့်ခမ်းမြိုတွင်လည်း ဧပြီလ (၂၉) ရက်နေ့ နံနက် (၆:၀၀) နာရီအချိန်တွင် ဟိုနောင်ရပ်ကွက်ရှိ ဖျော်ဖြေရေဝိုင်းဆိုင်မှ ထွက်ခွာလာသည့် ကားတစ်စီးသည် မြိုပတ်ဆိုင်ကယ်ဖြင့် စျေးရောင်းနေသည့် အမျိုးသမီးတစ်ဦးနှင့် မျက်နှာချင်းဆိုင်  ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။


၎င်းယာဉ်တိုက်မှုကြောင့် မြိုပတ်ဆိုင်ကယ်ဖြင့် စျေးရောင်းနေသည့် အသက် (၅၁)နှစ်အရွယ် ဒေါ်ကျာမိန်းဆိုသူ၏ ဦးခေါင်း၊ မျက်လုံးနှင့် လက်တိုတွင်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


အလားတူ ပြီးခဲ့သည့် ဧပြီ (၂၃)ရက်နေ့လည်း နမ့်ခမ်းမြိုနယ်၊ ကွန်လုံကျေးရွာတွင် နေအိမ်မှ စက်ဘီးစီးထွက်လာသည့် ကလေးငယ်တစ်ဦးနှင့် လယ်ထွန်စက် ဝင်တိုက်ရာမှ ကလေးငယ်သေဆုံးသွားခဲ့သည်။


ဒေသအတွင်း လစဉ် ယာဉ်တိုက်မှုနှင့် ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူများအနေဖြင့် လမ်းအသုံးပြုရာတွင် အထူးသတိပြုကြရန် လိုအပ်ကြောင်းနှင့် ယာဉ်မောင်းများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို တိတိကျကျ လိုက်နာကာ ယာဉ်များကို အချိန်မှန် စစ်ဆေးထိန်း သိမ်းမောင်းနှင်ကြရန် လိုအပ်ကြောင်း တိုက်တွန်းပါသည်။



Website Official 

www.taangland.org

Telegram Official Channel

https://t.me/taangtv2023

YouTube Official 

https://www.youtube.com/@pslftnlanews

Telegram Link – Ta’ang TV

https://t.me/TaangTV



#PSLF/TNLA

#သတငးနှင့်ပြန်ကြားရေးဌာန



Topics: မန်တုံနှင့် နမ့်ခမ်းမြိုနယ်တွင် ကားနှင့်ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသား (၂)ဦးနှင့် အမျိုးသမီး(၁)ဦးဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်