1835

လပိုင်းကျေးရွာတွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ (၁၀)အိမ်ပျက်စီးခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
29 April 2026

လပိုင်းကျေးရွာတွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ (၁၀)အိမ်ပျက်စီးခဲ့


နမ့်ဆန်၊ ဧပြီ ၂၉ရက်

တအာင်းပြည်သတင်း 


တအာင်းပြည်၊ နမ့်ဆန်မြိုနယ်၊ ဇယ်တုန်ဟုန်းအုပ်စု၊ လပိုင်းကျေးရွာတွင် မိုးသက်လေပြင်းတိုက် ခတ်မှုကြောင့် လူနေအိမ် (၁၀)အိမ် ပျက်စီးသွားခဲ့သည်။





ဖြစ်စဉ်တွင် ပြီးခဲ့သည့် ဧပြီလ (၂၅)ရက်နေ့ နေ့လယ် (၂း၀၀)နာရီကျော်အချိန်တွင် လပိုင်းကျေးရွာအတွင်း မိုးသည်ထန်စွာရွာသွန်းပြီး မိုးသက်လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ပါသည်။ ထိုလေပြင်းတိုက်ခိုက်မှုကြောင့် မိဘပြည်သူလူထုများ၏ နေအိမ်လည်း အမိုးများလန်ထွက်ကျခြင်း၊ နံရံများပြိုကျခြင်းနှင့် နေအိမ်အတွင်းရှိပစ္စည်းများ ပျက်စီးသွားခဲ့ပါသည်။ 





အဆိုပါ ပျက်စီးသွားသည့် ပြည်သူလူထုများ၏ နေအိမ် (၁၀)အိမ်အတွင်း (၂)အိမ်သည် လေပြင်းတိုက်ခတ်မှုဒဏ်ကို အများဆုံးခံစားခဲ့ရပါသည်။ ထိုလေပြင်းတိုက်ခတ်မှုကြောင့် အားလုံးစုစုပေါင်းတန်ဖိုး ကျပ်သိန်းပေါင်း (၁၀၀)ကျော် ဆုံးရှုးသွားခဲ့ရပြီး နွားတစ်ကောင်လည်း သေဆုံးသွားခဲ့သည်။ 






ထိုကြောင့် တအာင်းပြည်ရှိ ပြည်သူလူထုများအနေဖြင့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန် အထူးဂရုပြု၍ ပြင်ဆင်ထားရန်လိုအပ်သည်။ အထူးသဖြင့် မြေပြိုနိုင်သော နေရာများ၊ လေပြင်းကြောင့် သစ်ပင်ကျိုးလဲနိုင်သောနေရာများနှင့် အန္တရာယ်ရှိနိုင်သော ဒေသများကို ကြိုတင်စစ်ဆေးကာ လိုအပ်သော ရှင်းလင်းရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။


Website Official 

www.taangland.org

Telegram Official Channel

https://t.me/taangtv2023

YouTube Official 

https://www.youtube.com/@pslftnlanews

Telegram Link – Ta’ang TV

https://t.me/TaangTV


#PSLF/TNLA

#သတငးနှင့်ပြန်ကြားရေးဌာန

Topics: လပိုင်းကျေးရွာတွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ (၁၀)အိမ်ပျက်စီးခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်