နမ့်ဆန်မြိုတွင် သုတပညာနှင့် ပညာရေးအင်စတီကျူ့အဖွဲ၏ ဦးဆောင်မှုဖြင့် ကောင်းမွန်သော အုပ်ချုပ်မှုဆိုင်ရာ သင်တန်းဖွင့်လှစ်ပိုချခဲ့
နမ့်ဆန်၊ ဧပြီ ၂၄ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြိုတွင် သုတပညာနှင့် ပညာရေးအင်စတီကျူ့အဖွဲ၏ ဦးဆောင်မှုဖြင့် ကောင်းမွန်သော အုပ်ချုပ်မှုဆိုင်ရာ သင်တန်းကို ဖွင့်လှစ်ပိုချပြီးစီးခဲ့သည်။

အဆိုပါသင်တန်းကို ဧပြီလ (၂၀) ရက်နေ့မှ (၂၂) ရက်နေ့အထိ (၃) ရက်ကြာ ဖွင့်လှစ်ပိုချခဲ့ပြီး သင်တန်းအတွင်း အုပ်ချုပ်ရေးဆိုင်ရာ အခြေခံနှင့် တိုးချဲ့အသိပညာများ၊ ထိရောက်သော စီမံခန့်ခွဲမှု ကျွမ်းကျင်မှုများနှင့် လက်တွေ့အသုံးချနိုင်သော နည်းလမ်းများကို စနစ်တကျ သင်ကြားပိုချပေးခဲ့သည်။

ယင်းသင်တန်းကို နမ့်ဆန်မြိုနယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး သင်တန်းသူ (၃) ဦး၊ သင်တန်းသား (၂၅) ဦး စုစုပေါင်း (၂၈) ဦး ပါဝင်သင်ယူခဲ့ကြသည်။ သင်တန်းတွင် ပါဝင်သူများအနေဖြင့် မိမိတို၏ လုပ်ငန်းတာဝန်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အတွေ့အကြုံများကို မျှဝေဖလှယ်ခြင်းနှင့် အပြန်အလှန် ဆွေးနွေးခြင်းများကို တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါသင်တန်းကို ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ အုပ်ချုပ်ရေးစွမ်းရည်များ မြှင့်တင်နိုင်ရန်သာမက ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် ပြည်သူ့ပါဝင်မှုတိုကို အခြေခံထားသော ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုအပြင် လက်တွေ့အသုံးချမှုအပိုင်းတွင် ဖွံဖြိုးရေးအစီအစဉ်များကို မျှတသင့်လျော်စွာ စီမံရေးဆွဲနိုင်ခြင်း၊ ပွင့်လင်းမြင်သာသော စီမံခန့်ခွဲမှုနည်းလမ်းများကို လက်တွေ့ကျင့်သုံးနိုင်ခြင်းနှင့် ပြည်သူများ၏ ယုံကြည်မှုကို တည်ဆောက်ကာ ရေရှည်တည်တံ့သော ဆက်ဆံရေးများ ဖန်တီးနိုင်ရန် အလေးထား သင်ကြားပိုချပေးခဲ့သည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/taangtv2023
YouTube Official
https://www.youtube.com/@pslftnlanews
Telegram Link – Ta’ang TV
https://t.me/TaangTV
#PSLF/TNLA
#သတငးနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ