1827

မန်တုံမြိုတွင် PSLF/TNLA မြိုနယ်စည်ပင်သာယာရေးအဖွဲ၏ ဦးဆောင်မှုဖြင့် လမ်းမများမပျက်စီးစေရန် ရေမြောင်းတူးဖော်ခြင်းများ ဆောင်ရွက်

ဒေသတွင်းသတင်း / ဒေသတွင်း
24 April 2026

မန်တုံမြိုတွင် PSLF/TNLA မြိုနယ်စည်ပင်သာယာရေးအဖွဲ၏ ဦးဆောင်မှုဖြင့် လမ်းမများမပျက်စီးစေရန် ရေမြောင်းတူးဖော်ခြင်းများ ဆောင်ရွက်


မန်တုံ၊ ဧပြီ ၂၄ရက်

တအာင်းပြည်သတင်း


တအာင်းပြည် မန်တုံခရိုင်၊ မန်တုံမြိုတွင် ပြည်သူများ၏ နေ့စဉ်သွားလာရေး ပိုမိုလုံခြုံချောမွေ့စေရန်နှင့် လမ်းမများ မပျက်စီးစေရန် ရည်ရွယ်၍ PSLF/TNLA မြိုနယ်စည်ပင်သာယာရေးအဖွဲမှ လမ်းဘေးရေမြောင်းများကို စနစ်တကျ တူးဖော်ဖောက်လုပ်ခဲ့သည်။




ယမန်နေ့ ဧပြီလ (၂၂) ရက်နေ့တွင် မန်တုံမြိုနယ် စည်ပင်သာယာရေးအဖွဲ၏ ဦးဆောင်မှုဖြင့် မြိုမရပ်ကွက်အတွင်းရှိ လမ်းများတွင် မိုးရာသီကာလအတွင်း ရေစီးဆင်းမှု စနစ်တကျ ဖြစ်စေရန်နှင့် လမ်းပျက်စီးမှု မဖြစ်ပေါ်စေရန် ရည်ရွယ်၍ လမ်းဘေးရေမြောင်းများကို တူးဖော်ဖောက်လုပ်ခဲ့သည်။ ထိုအပြင် လမ်းဘေးရှိ ခြုံပင်များနှင့် အညစ်အကြေးများကိုလည်း ရှင်းလင်းဆောင်ရွက်ခဲ့သည်။





အလားတူ တအာင်းပြည်အတွင်းရှိ နမ္မတူမြိုနှင့် နမ့်ခမ်းမြိုများတွင်လည်း PSLF/TNLA မြိုနယ် စည်ပင်သာယာရေးအဖွဲများ၏ ဦးဆောင်မှုဖြင့် မြိုတွင်း လမ်းမကြီးများနှင့် ရပ်ကွက်လမ်းများတွင် ပျက်စီးနေသော လမ်းများကို ပြုပြင်ခြင်း၊ ရေမြောင်းများ ဖောက်လုပ်ခြင်းနှင့် လမ်းဘေးရှိ မြက်ပင်များ၊ ခြုံပင်များကို ရှင်းလင်းခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။




PSLF/TNLA မြိုနယ်စည်ပင်သာယာရေးအဖွဲအနေဖြင့် ပြည်သူလူထု၏ သွားလာရေးကို ပိုမိုချောမွေ့စေရန်နှင့် မြိုပြဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများကို မြှင့်တင်နိုင်ရန် ရည်ရွယ်၍ လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိနေပါသည်။


#PSLF/TNLA

#သတငးနှင့်ပြန်ကြားရေးဌာန

Topics: မန်တုံမြိုတွင် PSLF/TNLA မြိုနယ်စည်ပင်သာယာရေးအဖွဲ၏ ဦးဆောင်မှုဖြင့် လမ်းမများမပျက်စီးစေရန် ရေမြောင်းတူးဖော်ခြင်းများ ဆောင်ရွက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်