နမ့်ဆန်မြိုနယ် ဟူးခင်ကျေးရွာတွင် မီးအကြွင်းအကျန်ကြောင့် လက်ဖက်စက်ရုံ မီးလောင်မှုဖြစ်ပွား
နမ့်ဆန်၊ ဧပြီ ၂၂ရက်
တအာင်းပြည်တသင်း
တအာင်းပြည် ၊နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြိုနယ် ဟူးခင်ကျေးရွာတွင် မီးအကြွင်းအကျန်မှတစ်ဆင့် လက်ဖက်စက်ရုံတစ်ရုံ မီးလောင်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်တွင် ဧပြီလ ၁၁ ရက်နေ့ ညဉ့်သန်းခေါင် (၁၂:၁၅) နာရီခန့်တွင် အသက် (၄၉) နှစ်အရွယ် ဦးအောင်ကြီးပိုင်ဆိုင်သည့် လက်ဖက်စက်ရုံအတွင်း လက်ဖက်ပေါင်းထားသော မီးအကြွင်းအကျန်မှ စတင်၍ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုကြောင့် လက်ဖက်စို (၁၀) အိတ်၊ လက်ဖက်အချည်နပ် (၅၀) အိတ်နှင့် စက်ရုံသုံး စက်ပစ္စည်းများအပါအဝင် စုစုပေါင်း ဆုံးရှုးမှုတန်ဖိုး ကျပ်သိန်း(၁၃၀)ခန့် ပျက်စီးဆုံးရှုးသွားခဲ့သည်။ မီးလောင်ရာနေရာသို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဉီး (PSLF/TNLA) ၏ မီးသတ်တပ်ဖွဲဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့သည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ (၁၂) ရက်နေ့တွင်လည်း မိုင်းငေါ့မြိုနယ် ကျောက်ဖြူလေးကျေးရွာ၌ ဖယောင်းတိုင်မီးကြောင့် နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့သည်။
မိဘပြည်သူလူထုအနေဖြင့် မီးဘေးအန္တရာယ်မှ ကင်းဝေးစေရန် ပြည်သူတစ်ဦးချင်းစီမှ အသိရှိရှိ၊ သတိရှိရှိဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်းနှင့် မီးလောင်မှုဖြစ်ပွားပါက နီးစပ်ရာ မီးသတ်တပ်ဖွဲများထံ အမြန်ဆုံးအကြောင်းကြား၍ ပူးပေါင်းကူညီကြရန် လိုအပ်ပါသည်။
လက်ရှိကာလတွင် ခြောက်သွေ့ရာသီဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အထူးသတိပြုရန် လိုအပ်သည်။ အထူးသဖြင့် နေအိမ်ပတ်ဝန်းကျင်တွင် ရေနံဆီ၊ ဓာတ်ဆီ၊ စက္ကူ၊ အဝတ်အစား၊ သစ်၊ ဝါး၊ ဓနိ၊ သက်ကယ် စသည့် မီးလောင်လွယ်သော ပစ္စည်းများကို စနစ်တကျ ထားရှိရမည်ဖြစ်သည်။ ထိုပြင် မီးအသုံးပြုပြီးပါက သေချာစွာ မီးငြိမ်းစေရန်၊ ဘက်ထရီအိုး/ဆိုလာပြား စစ်ဆေးခြင်း၊ လျှပ်စစ်မီးအသုံးပြုရာတွင် မီးခလုတ်များကို စစ်ဆေးပိတ်ထား ရန်နှင့် ပေါ့ဆမီးမဖြစ်ပွားစေရန် အထူးသတိပြုရမည်ဖြစ်ကြောင်း တိုက်တွန်းအပ်ပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/taangtv2023
YouTube Official
https://www.youtube.com/@pslftnlanews
Telegram Link – Ta’ang TV
https://t.me/TaangTV
#PSLF/TNLA
#သတငးနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ