1732

တအာင်းပညာရေးရန်ပုံငွေထီ၏ (၃၂)ကြိမ်မြောက် အမြင့်ဆုံး သိန်း (၅၀၀)ဆုကို မိုးကုတ်မြို့နယ်တွင်နေထိုင်သည့် ကိုခက်သွင်မှ ဆွတ်ခူးရရှိ

ဒေသတွင်းသတင်း / ဒေသတွင်း
03 February 2026

တအာင်းပညာရေးရန်ပုံငွေထီ၏ (၃၂)ကြိမ်မြောက် အမြင့်ဆုံး သိန်း (၅၀၀)ဆုကို မိုးကုတ်မြို့နယ်တွင်နေထိုင်သည့် ကိုခက်သွင်မှ ဆွတ်ခူးရရှိ

နမ့်ဆန်၊‌ ဖေဖော်ဝါရီ ၂ရက်
တအာင်းပြည်သတင်း

တအာင်းပြည်ပညာရေးကို ရည်ရွယ်၍  ဖွင့်လှစ်နေသည့်တအာင်းပညာရေးရန်ပုံငွေထီ၏ (၃၂)ကြိမ်မြောက် အမြင့်ဆုံး သိန်း (၅၀၀)ကို မိုးကုတ်မြို့နယ်တွင်နေထိုင်သည့် ကိုခက်သွင်မှ ဆွတ်ခူးရရှိသွားခဲ့သည်။

တအာင်းပြည် တအာင်းပညာရေးရန်ပုံငွေအတွက် (၃၂)ကြိမ်မြောက်ထီဖွင့်ပွဲအား တအာင်းပြည်၊ နမ့်ဆန်မြို့တွင် ဖေဖော်ဝါရီ (၁)ရက်နေ့ နံနက်ပိုင်းအချိန်၌ တအာင်းပြည်ပညာရေး ရန်ပုံငွေထီရုံးမှ ဦးဆောင်ဖွင့်လှစ်ခဲ့သည်။

သိန်း (၅၀၀)ဆု၏ ဂဏန်းသည် အက္ခရာ (B -56410)ဖြစ်ကာ သိန်း (၅၀၀)ဆု၊ သိန်း (၁၀၀)ဆု (၁)ဆု၊ သိန်း (၅၀) ဆု (၁)ဆု၊ သိန်း (၃၀)ဆု (၁)ဆု၊ (၁၀)သိန်းဆု (၁)ဆု၊ (၅)သိန်းဆု (၄)ဆု၊ (၂) သိန်းဆု (၃၀)ဆု၊ သိန်း (၅၀၀)ဆုနှင့် သိန်း (၁၀၀)ဆု၏ အက္ခရာကွဲ ဂဏာန်းတူဆုများ၊ အက္ခရာတူ နောက်ဆုံးဂဏန်းလေးလုံးတူဆုများ၊ အက္ခရာတူ နောက်ဆုံးဂဏန်းသုံးလုံးတူဆုများအပြင် (၂)သိန်းဆု၏ အက္ခရာကွဲ ဂဏန်း (၅)လုံးတူဆုများကို ပေးအပ်ခဲ့သည်။

ထိုအပြင် ထီးကိုယ်စားလှယ်များကိုလည်း ပေါက်ဆုများ၏ (၂)ရာခိုင်နှုန်းကို ဆုချီးမြှင့်သွားမည်ဖြစ်သည်။ အဆိုပါ ဆုချီးမြှင့်သွားသည့် (၂)ရာခိုင်နှုန်းသည် ဆုငွေမှ ဖြတ်ယူသွားမဟုတ်ဘဲ ထီရုံးအဖွဲ့မှ  သီးသန့် ဆုချီးမြှင့်ပေးသွာမည်။

ပြီးခဲ့သည့် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလလည်း တအာင်းပညာရေးထီ၏ (၃၁)ကြိမ်မြောက် အက္ခရာ  (B -03574) အမြင့်ဆုံး သိန်း (၅၀၀)ဆုကို နမ့်ဆန်မြို့နယ်၊ နမ့်လင်းကျေးရွာအုပ်စု၊ မန်လန်းကျေးရွာတွင်နေထိုင်သည့် ဒေါ်မြအေးမှ ဆွတ်ခူးရရှိ သွားခဲ့သည်။

တအာင်းပြည်ပညာရေးကောင်စီ- TLECသည် ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အခြေခံပညာစာသင်ကျောင်းပေါင်း (၆၀၀)ကျော်၊ ကျောင်းသူ/သား (၆၆၀၀၀)ကျော်နှင့် ဆရာ/မ(၃၅၀၀) ကျော်ဖြင့် ဖွင့်လှစ်နိုင်ခဲ့ပြီး ယခု ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်တွင် ဖွင့်လှစ်ရန်ကျန်ရှိနေသည့် မြို့နယ်များမှ အခြေခံပညာ စာသင်ကျောင်းများကိုလည်း ဆက်လက်ဖွင့်လှစ်ခဲ့ပါသည်။

ထိုကြောင့် စာသင်ကျောင်းများလိုအပ်သည့် ရန်ပုံငွေနှင့် ဆရာ/ဆရာမများအတွက် လိုအပ်သည့် လစာငွေများအား တအာင်းထီရောင်းရသည့်ငွေမှလစဥ်ထောက်ပံ့ပေးနေခြင်းဖြစ်ရာ အနယ်နယ်အရပ်ရပ်မှ မိဘပြည်သူများအနေဖြင့် တအာင်းပြည်မှ ကလေးငယ်များ၏ ပညာရေးအား အထောက်အပံ့ဖြစ်ရန် တအာင်းပညာရေးထီအား ထိုးပေးကြရန်လိုအပ်ကြောင်း တိုက်တွန်းလိုက်ရပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပညာရေးရန်ပုံငွေထီ၏ (၃၂)ကြိမ်မြောက် အမြင့်ဆုံး သိန်း (၅၀၀)ဆုကို မိုးကုတ်မြို့နယ်တွင်နေထိုင်သည့် ကိုခက်သွင်မှ ဆွတ်ခူးရရှိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်