တအာင်းပြည် ကျန်းမာရေးကောင်စီ (THC)၊ သူနာပြုနှင့် ကျန်းမာရေးသိပ္ပံကောလိပ်ကျောင်း (CNHS)၊ ADN Program အပတ်စဉ် (၂) ဝင်ခွင့်နှုတ်ဖြေစာမေးပွဲအား ဖြေဆိုနိုင်ရန် အသိပေးနှိုးဆော်ခြင်း
နမ့်ဆန်၊ ဇန်နဝါရီ ၂၉ရက်
တအာင်းပြည်သတင်း
တအာင်းပြည် ကျန်းမာရေးကောင်စီ (THC)၊ တအာင်းပြည် သူနာပြုနှင့် ကျန်းမာရေးသိပ္ပံကောလိပ်ကျောင်း (CNHS)၊ ADN Program (Batch – 2)အပတ်စဉ် (၂)ကို လာမည့် ဖေဖော်ဝါရီ (၂)ရက်တွင် ဝင်ခွင့်နှုတ်ဖြေစာမေးပွဲအား ဖြေဆိုသွားမည်ဖြစ်သည့် သက်ဆိုင်ရာ ကျောင်းသား/သူများအနေဖြင့် စာမေးပွဲအား လာရောက်ဖြေဆိုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
အဆိုပါ ဝင်ခွင့်နှုတ်ဖြေစာမေးပွဲ ဖြေဆိုရမည့် ကျောင်းသား/သူ စုစုပေါင်း လူဦးရေ (၄၅)ဦးအား ဖေဖော်ဝါရီလ (၂)ရက် နံနက် (၉)နာရီအချိန် တအာင်းပြည်အတွင်းရှိ သတ်မှတ်ထားသည့်နေရာများကို လူကိုယ်တိုင် လာရောက်ဖြေဆိုရမည်ဖြစ်သည်။
ထိုသိပ္ပံကောလိပ်ကျောင်းကို ဝင်ခွင့်နှုတ်ဖြေစာမေးပွဲဖြေဆိုခွင့်ရသူများသည် မိမိဝင်ခွင့်စာမေးပွဲဖြေဆိုထားသည့် နေရာများဖြစ်ကြသည့် နမ့်ဆန်ပြည်သူ့ဆေးရုံ၊ နမ့်ခမ်းပြည်သူ့ဆေးရုံ၊ နမ္မတူပြည်သူ့ဆေးရုံ၊ မန်တုံပြည်သူ့ဆေးရုံနှင့် ကွတ်ခိုင်ပြည်သူ့ဆေးရုံအသီးသီးများသို့ လာရောက်ဖြေဆိုရမည်ဖြစ်သည်။
ထိုဝင်ခွင့်နှုတ်ဖြေစာမေးပွဲအောင်မြင်သွားသည့် ကျောင်းသား/သူများအနေဖြင့်
ဖေဖော်ဝါရီ (၂၃)ရက်နေ့တွင် ဖွင့်လှစ်မည့် တအာင်းပြည်သူနာပြုနှင့် ကျန်းမာရေးသိပ္ပံကောလိပ်ကျောင်း အပတ်စဉ် (၂)ကို တက်ရောက်ခွင့်ရရှိမည်ဖြစ်ပါသည်။
#တအာင်းသူနာပြုနှင့် ကျန်းမာရေးသိပ္ပံကောလိပ်ကျောင်း
#https://www.facebook.com/profile.php?id=61564287886151
#Ta’ang Land Health Council (T.H.C)
#College of Nursing and Health Science (Ta'ang Land)
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ