ပန်ယုတ်(အောက်)ကျေးရွာတွင် တအာင်းပြည်ပညာရေးကောင်စီ-TLECမှ ဦးစီး၍ပြုလုပ်ခဲ့သော စုံညီပွဲတော်နှင့်ဆုပေးပွဲကို PSLF/TNLA၏ စစ်ဦးစီးချုပ်တားဟိူဝ်ပ္လါင်တက်ရောက်
မိုင်းဝီး၊ ဇန်နဝါရီ ၂၆ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ မိုင်းဝီးမြို့နယ်၊ မန်ပူးအုပ်စု၊ ပန်ယုတ်(အောက်)ကျေးရွာတွင် တအာင်းပြည်ပညာရေးကောင်စီ-TLECမှ ဦးစီး၍ကျင်းပပြုလုပ်ခဲ့သော စုံညီပွဲတော်နှင့်ဆုပေးပွဲကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ စစ်ဦးစီးချုပ်တားဟိူဝ်ပ္လါင်မှ တက်ရောက်ခဲ့ပါသည်။
အဆိုပါပွဲတော်ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ရက်နေ့ နံနက် (၉:၀၀)နာရီစတင်ကျင်းပပြုလုပ်ပြီး PSLF/TNLA၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိူဝ်ပ္လါင်၊ TLECမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် ကျေးရွာဥက္ကဌများမှ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး စုစုပေါင်းလူဦးရေ (၁၀၀)ဦးကျော် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိူဝ်ပ္လါင်မှ “တအာင်းပြည်ပညာရေးကောင်စီ၏ ဦးဆောင်မှုကြောင့် တအာင်းပြည်အတွင်း ကျောင်းပေါင်း (၅၀၀)ကျော်ဖွင့်လှစ်နိုင်ခဲ့ပြီး ယခု ကျောင်းတိုင်းကျောင်းတိုင်း စုံညီပွဲတော်ကိုကျင်းပပြုလုပ်နိုင်ခဲ့သည့်အတွက် အထူးဝမ်းသာဖွယ်ဖြစ်ပေသည်။ ထိုကြောင့် ကျောင်းသားမိဘများအနေဖြင့် မိမိသားသမီးများမှ ကျောင်းအတန်းပညာကို ပြီးမြောက်သွားနိုင်သည့်အထိ အတူတကွပူးပေါင်းထောက်ပံ့သွားရမည်”ဟု အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထိုနောက် သက်ဆိုင်ရာတာဝန်ရှိသူပုဂ္ဂိုလ်အသီးသီးလည်း အမှာစကားပြောကြားခဲ့ပြီးနောက်တွင် ကျောင်းသား/သူများအား စာရိတ္တထူးချွန်ဆု (၂၀)ဆုနှင့် စာပေထူးချွန်ဆု (၁၉)ဆုတို့ကို ချီးမြှင့်ပေးခဲ့ပါသည်။ ထိုနောက် ကျောင်းသား/သူများလည်း အကများဖြင့် ဖျော်ဖြေပြသပေးခဲ့ကြသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ