1719

တအာင်းပြည် ကျန်းမာရေးကောင်စီ (THC)မှ ဦးစီးဖွင့်လှစ်သွားမည့် တအာင်းပြည် သူနာပြုနှင့်ကျန်းမာရေးသိပ္ပံကောလိပ်ကျောင်း အပတ်စဉ် (၂)ကို ဝင်ခွင့်နှုတ်ဖြေစာမေးပွဲကျောင်းသား/သူ (၄၅)ဦးရရှိ

ဒေသတွင်းသတင်း / ဒေသတွင်း
22 January 2026

တအာင်းပြည် ကျန်းမာရေးကောင်စီ (THC)မှ ဦးစီးဖွင့်လှစ်သွားမည့် တအာင်းပြည် သူနာပြုနှင့်ကျန်းမာရေးသိပ္ပံကောလိပ်ကျောင်း အပတ်စဉ် (၂)ကို ဝင်ခွင့်နှုတ်ဖြေစာမေးပွဲကျောင်းသား/သူ (၄၅)ဦးရရှိ


နမ့်ဆန်၊ ဇန်နဝါရီ ၂၂ရက်

တအာင်းပြည်သတင်း


တအာင်းပြည် ကျန်းမာရေးကောင်စီ (THC)မှဖွင့်လှစ်သွားမည့် တအာင်းပြည် သူနာပြုနှင့်ကျန်းမာရေးသိပ္ပံကောလိပ်ကျောင်း အပတ်စဉ် (၂)ကို ဝင်ခွင့်နှုတ်ဖြေစာမေးပွဲကျောင်းသား/သူ (၄၅)ဦးဝင်ရောက်ဖြေဆိုခွင့်ရရှိခဲ့ပါသည်။



အဆိုပါ ဝင်ခွင့်ရေးဖြေစာမေးပွဲကို ဇန်နဝါရီ (၅)ရက်နေ့၌ ဘာသာရပ် (၂)ခုဖြစ်သည့် အင်္ဂလိပ်စာနှင့် ဇီဝဗေဒကို ဝင်‌ရောက်ဖြေဆိုရာမှ ကျောင်းသူ/သား (၄၅)ဦး အောင်မြင်ခဲ့ပါသည်။ ၎င်းတို့သည် လာမည့် ဖေဖော်ဝါရီ (၂)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည့် ဝင်ခွင့်နှုတ်ဖြေစာမေးပွဲကို ဝင်ရောက်ဖြေဆိုရမည်ဖြစ်ပါသည်။


ထိုသိပ္ပံကောလိပ်ကျောင်းကို ဝင်ခွင့်နှုတ်ဖြေစားမေးပွဲဖြေဆိုခွင့်ရသူများသည် နမ့်ဆန်ပြည်သူ့ဆေးရုံမှ (၂၁)ဦး၊ နမ့်ခမ်းပြည်သူ့ဆေးရုံမှ (၁၂)ဦး၊ နမ္မတူပြည်သူ့ဆေးရုံမှ (၆)ဦး၊ မန်တုံပြည်သူ့ဆေးရုံမှ (၃)ဦးနှင့် ကွတ်ခိုင်ပြည်သူ့ဆေးရုံမှ (၃)ဦးတို့ပါသည်။ 


၎င်းဝင်ခွင့်နှုတ်ဖြေစားမေးပွဲကို ဝင်ရောက်ဖြေဆိုသွားမည့် ကျောင်းသား/သူများအနေဖြင့် စာမေးပွဲအောင်မြင်သွားပါက  ဖေဖော်ဝါရီ (၂၃)ရက်နေ့တွင် ဖွင့်လှစ်သွားမည့် တအာင်းပြည် သူနာပြုနှင့်ကျန်းမာရေးသိပ္ပံကောလိပ်ကျောင်း အပတ်စဉ် (၂)ကို တက်‌ရောက်ခွင့်ရရှိသွားမည်ဖြစ်ပါသည်။ 


တအာင်းပြည် ကျန်းမာရေးကောင်စီ (THC)မှ ဦးစီးဖွင့်လှစ်သွားသည့် တအာင်းပြည် သူနာပြုနှင့်ကျန်းမာရေးသိပ္ပံကောလိပ်ကျောင်း အပတ်စဉ် (၁)ကို ပြီးခဲ့သည့် ၂၀၂၅ခုနှစ် ဇန်နဝါရီလတွင် ဖွင့်လှစ်ခဲ့ပါသည်။ 


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည် ကျန်းမာရေးကောင်စီ (THC)မှ ဦးစီးဖွင့်လှစ်သွားမည့် တအာင်းပြည် သူနာပြုနှင့်ကျန်းမာရေးသိပ္ပံကောလိပ်ကျောင်း အပတ်စဉ် (၂)ကို ဝင်ခွင့်နှုတ်ဖြေစာမေးပွဲကျောင်းသား/သူ (၄၅)ဦးရရှိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်